ဒီနေ့ ပေါ့ဗျာ......... တကယ်တမ်းက အလုပ်နည်းနည်း ရှုပ်နေတာ ။ ကွန်ပျူတာ မကိုင်တော့ဘူးလားလို့  စိတ်ကူးနေတာ ။
အဲမှာတင် ချစ်သူဆီက ဖုန်းလာတယ် ။ ကို့ ကို မေးစရာ ရှိလို့ တဲ့ ... အင်း ဘာလဲပေါ့ ။ အဲဒီမှာတင် ဇါတ်လမ်းက စတယ်။
၁၄၃၇ ဆိုတာဘာလဲတဲ့ ။ တစ်ခါမှ မကြားဖူးဘူးလေ ။ ကိုယ်သိတဲ့နံပါတ်တွေ ဆိုလို့  ၁၅၀၀ ၊ ၅၂၈ လောက်ရှိတာ ။အဲသူတို့  နှစ်ခု ကွာခြားချက်က ၉၇၂ ။ ပြီးတော့ ငယ်ငယ်က နံပါတ်တွေ ခေါင်းထဲရောက်လာတယ် ။ ၉၆၉၃ တို့  ၊ ၉၄၉၃ တို့  ။ အဲဒီ ၁၄၃၇ ဆိုတာတော့ တစ်ခါမှ မကြားဖူးဘူးလေ ။ဒါနဲ့ အားကိုးတစ်ကြီးမေးလာတဲ့ ချစ်သူကို ပြတ်ပြတ်ပဲ ပြောလိုက်တယ် ။ မသိဘူးလို့ ။ ဒီလောက်နဲ့ တော့ ချစ်သူ ကဘယ်လက်လျော့လိမ့်မလဲ ။ အဲဒါလေး သိချင်လို့ ပါ ကိုရယ်တဲ့ ။ သူငယ်ချင်းတစ်ယောက် ကတော်တော်လေး ကိုသိချင်နေတာ တဲ့ ။ အဲဒါ သိအောင်လုပ်ပေးတဲ့ ။ နူးညံ့တဲ့  အမိန့် တော် လေးနဲ့ ပေါ့ ။ ဘယ်နဲ့ ပတ်သက်တာလဲ ၊ ဘာကိုအခြေခံ ပြီးပြောတာလဲ လို့ မေးတော့ တိတိကျကျပြောပြရှာတယ် ။ မသိဘူးတဲ့ ။ သူ့ သူငယ်ချင်းကောင်မလေးကို သူတို့ ထဲက ကောင်လေးသူငယ်ချင်းကပဲ ပြောတာတဲ့ ။ ၁၄၃၇ ဒါပဲတဲ့ ။ အဲမှာတင် ကျွန်တော်ပူးတစ်ကောင် ဘလော့ရပ်ဝန်းက သူငယ်ချင်းတွေများ သိလေမလား ဆိုပြီး တွေ့ သမျှ cbox ထဲ အကူအညီ လိုက်တောင်းရတော့တာပဲ ။တော်တော် မျက်စိနောက်သွားကြမှာပဲနော် ။ တပြိုင်ထဲပဲ ကိုယ်သိတဲ့ ၁၅၀၀ နဲ့ အဲဒီ ၁၄၃၇ ကို + လိုက် - လိုက် × လိုက် နဲ့ နံပါတ်တွေ အများကြီးနဲ့ သင်္ချာပြန်တွက် နေရတော့တယ်။(ချစ်သူ အတွက်ပေါ့) ။ နောက်ဆုံးတော့ အဖြေမှန်ကို search engine အစွမ်းနဲ့ အောင်မြင်စွာ သိရှိလိုက်ရပါတော့တယ် ။အဲမှာတင် ချစ်သူဆီက ဖုန်းလာတယ် ။ ကို့ ကို မေးစရာ ရှိလို့ တဲ့ ... အင်း ဘာလဲပေါ့ ။ အဲဒီမှာတင် ဇါတ်လမ်းက စတယ်။
၁၄၃၇ = I love you forever တဲ့
I မှာစာလုံးအရေအတွက်= ၁
love မှာစာလုံးအရေအတွက်= ၎
you မှာစာလုံးအရေအတွက်= ၃
forever မှာစာလုံးအရေအတွက်= ၇
(http://answers.yahoo.com/question/index?qid=20071006002843AAMEA5G ) မှဖော်ပြပါသည် ။
အဖြေသိပြီး မကြာခင်မှာပဲ ကိုမိုးပြေး ကလဲ အဖြေကိုလာပြောပြပေးသွားလို့  ပိုတိကျတဲ့ အဖြေတစ်ခုဖြစ်သွားပါတယ်။
ကျေးဇူးပဲနော် ကိုမိုးပြေး ။ ကျွန်တော်လဲ အောင်နိုင်သူ တစ်ဦးအနေနဲ့ ချစ်သူ ဆီကို ဖုန်းခေါ်ပြီး အဖြေက ဒါကွ ဆိုပြီး အောင်ပွဲ ခံလိုက်ပါတယ် ။
၁၄၃၇ အဖြေကို ဘလော့ သူငယ်ချင်းအပေါင်းကို မျှဝေဖော်ပြပေးလိုက်ပါတယ်။
6 အမြင်လေးတွေ:
အဲဒီလို လဲပြောလိုက်ကော...
ကောင်မလေး ကချက်ခြင်းဘဲ ပြန်ပြောလိုက်တာကတော့...
“၂၈၆၂” ပါတဲ့...
၁၇၂၄= ချစ် ဒါပဲ
လျှောက်မပြောနဲ့
မိုက်တယ်ကွာမေးခွန်းက
မေးဦးမယ် ..... ကို.. :P:P
မသိသေးတဲ့စကားလုံးတွေကို ဖော်ပြပေးလို့ အခုသိသွားပြီ... မသိသေးတဲ့သူတွေကို သွားစလို့ရပြီ...း)
" I Hate You Forever" ဆိုရင်တော့ ကြေကွဲပါဘိ ကို phoeniz ရယ်... ဟဲဟဲဟဲ :P
၂၁၉၃ ထက်တော့ ဆိုးနေပြန်ပီဗျာ..။ ။
“မင်းကျန်စစ်”
Post a Comment
အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။