29.6.08

@ ဒီလိုပါလား


ကျွန်တော် ၁၀ တန်းဖြေပြီးတော့ English Speaking သင်တန်းတစ်ခု တက်ဖြစ်တယ် ။ အဲဒီမှာ English စာနဲ့ ပတ်သက်လို့  စကားလုံးလေးတစ်ခုကို မှတ်သားမိတယ် ။ ဆရာမ ကမေးတယ် ။ English စာမှာ တာအသွားဆုံး စကားတစ်လုံး ကို သိကြလားတဲ့ ။ သိရင်ပြောကြည့်ပါတဲ့ ။ တကယ်လဲ အဓိပ္ပါယ် ပြည့်ဝရမယ်တဲ့။ ဘယ်သူမှ မသိကြဘူး ။ ဟိုဟာလား ဒီဟာလားနဲ့  တစ်ယောက်တစ်ပေါက်လျှောက်ပြောကြတာပေါ့ ။ကဲ...စာဖတ်သူ အပေါင်းရော သိကြရဲ့ လား ? တကယ်တမ်းက ကျွန်တော်တို့ နဲ့  မစိမ်းပါဘူး ။ နေ့ တိုင်းပြုမူနေမိတဲ့ အရာလေး တစ်ခုပါ ။ဘေးကပုံလေးကိုကြည့်
ပြီး စဉ်းစားချင်ရင် စဉ်းစားကြည့်လိုက်ဦးနော် ။အဲဒါ ပို အရသာ ရှိတယ် ။ :)
The correct answer is "SMILES"
because there is a MILE between two S .

နောက်ဆုံးဆရာမက အဲလိုလေး ချရေးပြလိုက်တယ် ။ ကျွန်တော် တော်တော်လေး သဘောကျသွားတယ်ဗျ ။ တကယ်တန်းလဲ အပြုံးလေးတွေက တာသွားပါတယ်။ ပြုံးပြတယ် ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့  ချစ်ဖို့ 
ကောင်းတဲ့ အလေ့အထလေး မဟုတ်လားဗျာ ။လက်ဆွဲ ပြီး ၊ ပုခုံးဖက် ပြီး နှုတ်မဆက်ကြဘူးလေ ။ ပြုံးပြနှုတ် ဆက်ကြတယ် ။ ခင်ဗျားတောင် အခုပြုံးနေတယ် မလား ။ :) :p :k :O :s :d :$ :z

တူရာလေးတွေ ဖတ်ချင်ရင်



2 အမြင်လေးတွေ:

Dream said...

မှန်လိုက်တာပူးရေ.. လူတွေရဲ့အခက်ဆုံးအလုပ်ဟာလည်း
ပြုံးခြင်းပါပဲ။ကောင်းလိုက်တာpost လေးပါ။
ပြုံးလို့မရင်သံပုရာသီးစားပြီးတော့ကိုလာပြုံးပြမှာနော်.. ဟီးဟီး...


ခင်ရို့ဆယာနော်..ချိတ်ချိုးနတ်... ချိတ်ချိုးယင်သိုင်ပေါလိုက်မှာ.. :P

ဇနိ said...

ပြုံးပြုံးလေးဆိုတော့ လူခင်တာပေါ့ဗျာ...

Post a Comment

အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။

About Me

My photo
ကျွန်တော် နှစ်သက်မိတဲ့ သိထားတဲ့ အရာတွေကို တစ်နေရာတည်းမှာ စုစည်းဖို့ ၊ အများကို မျှဝေဖို့  ဆန္ဒနဲ့ စာတွေ ရေးနေပါတယ် ။
1.Blogger Templates template တော်တော်များများကို စိတ်ကြိုက်ရွေးနိုင်ပါတယ်။
2.computer technology ကွန်ပျူတာ ၊ အင်တာနက်နဲ့ ပတ်သက်တဲ့ နည်းပညာတော်တော်များများကို ဆွေးနွေးထားပါတယ်။
3.myanmar Wikipedia မြန်မာ Blogger တိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာပါ ။
4.think global & work local ပြည်တွင်းကနေပဲ ပြည်ပနဲ့ သက်ဆိုင်တဲ့အလုပ်တွေကို လုပ်နိုင်စေဖို့  ကြိုးစား အားထုတ်နေတဲ့ Blogတစ်ခုပါ။
5.zawgyi font add_on ဇော်ဂျီမြန်မာ font ကို Firefox မှာ Add-on အဖြစ်သုံးနိုင်ပါပြီ။ ကိုသက်ထွေးအောင် ရဲ့ ကြိုးစားမှုပါ။
6.trick & ticks ကျွန်တော်တို့  blogspot သမားတွေရဲ့  ဆရာကြီးပါ။ widget တော်တော်များများကိုဖော်ပြထားပါတယ်။


 
ပူးတစ်ကောင် ရဲ့  လက်ရာ - Template By Blogger Clicks