3.6.08

@ ကောင်လေးနဲ့ ကောင်မလေး(၂)

ဆိုင်ကယ်တစ်စီးပေါ်မှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ။သူတို့ ဆိုင်ကယ်ဟာ တစ်နာရီကိုမိုင် တစ်ရာနှုန်းနဲ့ လမ်းမထက်မှာ မြားတစ်စင်းလို ပြေးနေတယ်။
ကောင်မလေး>>>>> ဖြေးဖြေးမောင်းပါ မောင် ရဲ့ ။ သဲ ကြောက်တယ် ။
ကောင်လေး >>>>> ဟာ....... သဲ ကလဲ ၊ ဒီလောက်ပျော်ဖို့ ကောင်းတာကို ။
ကောင်မလေး>>>>> မကောင်းပါဘူး ။ ဖြေးဖြေးပဲ မောင်းပါ မောင်ရယ် ...နော် ။
ကောင်လေး >>>>> ဒါဆို မောင့်ကို ချစ်ပါတယ် လို့ ပြော ။
ကောင်မလေး >>>>> မောင့်ကို ချစ်ပါတယ် ။ ဖြေးဖြေးမောင်းပါနော် ။
ကောင်လေး >>>>> သဲ....မောင့်ကို ဖက်ထားပါလားဟင် ......
ကောင်မလေး >>>> (တင်းတင်းကြပ်ကြပ် သူမက ဖက်ထားလိုက်တယ်)
ကောင်လေး >>>>> မောင့်ရဲ့  helmet ကိုချွတ်ပေးပါလား ။ ခိုးလို့ ခုလု နဲ့ ရှုပ်လို့ ... သဲ ပဲဆောင်းထားလိုက်။



နောက်တစ်ရက် သတင်းစာမှာတော့ ဆိုင်ကယ်တစ်စီး brake ပေါက်ပြီး အဆောက်အဦးတစ်ခုနဲ့ တိုက်မိတဲ့ အကြောင်းပါလာတယ်။
လူငယ်နှစ်ဦးဖြစ်ပြီး ကောင်မလေးတစ်ဦးပဲ အသက်ရှင်တယ် ။

တကယ်တမ်းက လမ်းတစ်ဝက် အရောက်မှာတင် ဆိုင်ကယ် brake ပေါက်သွားတဲ့အကြောင်းကို ကောင်လေးက သိခဲ့ပါတယ်။ သူမကိုပေးမသိခဲ့တာပါ ။ သူ ဘာကြောင့် သူ့ ရဲ့ အသက်ကိုတောင် ဂရုမစိုက်ပဲ အခုလိုလုပ်ခဲ့တယ် ဆိုတာ စာဖတ်သူတို့  သိလိမ့်မယ်ထင်ပါတယ် ။ (စာဖတ်သူ ကော ကောင်လေးနေရာမှာ ဆိုရင် ဘာလုပ်မိမလဲ ? အဲဒီ ကောင်လေးလောက် ကိုယ့်ချစ်သူ အပေါ်ချစ်နိုင်ပါ့မလား ။)

တူရာလေးတွေ ဖတ်ချင်ရင်



3 အမြင်လေးတွေ:

RePublic said...

ဒီလိုမေးခွန်းကြီးနဲ့ မနောက်ပါနဲ့ဗျာ ၊ ဟီး :P

စိုင်းစိုင်းလားရှိုး said...

ဆိုင်ကယ်နှစ်ယောက်စီးလာပြီး
ဘာလို့ဟဲလ်မက်ကတစ်ခုထဲပါလာတာလည်း.

Anonymous said...

လေးစားရမယ့် အချစ်ထဲမှာ ပါသွားပြီဗျာ ...
တစ်ကယ်လို့များ အဲ့လိုကြုံခဲ့ရရင်
ဘာလုပ်မိမယ်ဆိုတာ ကိုယ့်ကိုကိုယ်တောင်
သေချာ မသိဘူး .. ဒီစာသားလေးတွေ ဖတ်ပြီးသွားတော့ ကြက်သီးတောင် ထသွားမိတယ် ..

Post a Comment

အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။

About Me

My photo
ကျွန်တော် နှစ်သက်မိတဲ့ သိထားတဲ့ အရာတွေကို တစ်နေရာတည်းမှာ စုစည်းဖို့ ၊ အများကို မျှဝေဖို့  ဆန္ဒနဲ့ စာတွေ ရေးနေပါတယ် ။
1.Blogger Templates template တော်တော်များများကို စိတ်ကြိုက်ရွေးနိုင်ပါတယ်။
2.computer technology ကွန်ပျူတာ ၊ အင်တာနက်နဲ့ ပတ်သက်တဲ့ နည်းပညာတော်တော်များများကို ဆွေးနွေးထားပါတယ်။
3.myanmar Wikipedia မြန်မာ Blogger တိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာပါ ။
4.think global & work local ပြည်တွင်းကနေပဲ ပြည်ပနဲ့ သက်ဆိုင်တဲ့အလုပ်တွေကို လုပ်နိုင်စေဖို့  ကြိုးစား အားထုတ်နေတဲ့ Blogတစ်ခုပါ။
5.zawgyi font add_on ဇော်ဂျီမြန်မာ font ကို Firefox မှာ Add-on အဖြစ်သုံးနိုင်ပါပြီ။ ကိုသက်ထွေးအောင် ရဲ့ ကြိုးစားမှုပါ။
6.trick & ticks ကျွန်တော်တို့  blogspot သမားတွေရဲ့  ဆရာကြီးပါ။ widget တော်တော်များများကိုဖော်ပြထားပါတယ်။


 
ပူးတစ်ကောင် ရဲ့  လက်ရာ - Template By Blogger Clicks