31.5.08

@ ရှင်ဘုရင်ကြီးအကြောင်း

2 အမြင်လေးတွေ

တစ်ခါက ရှင်ဘုရင်တစ်ပါးဟာ ပန်းခြံထဲ ခြေစင်္ကြာဖြန့်နေတုန်း လှပတဲ့ မြွေလေးတစ်ကောင် စည်းရိုးနားက ဆူးခက်တွေကြားမှာ ငြိနေတာကို တွေ့လိုက်တယ်။ မြွေငယ်ကို ဘုရင်က ကယ်တင်လိုက်တယ်။

နောက်တစ်နေ့ ဘုရင်ကြီး ပန်းခြံထဲ လှည့်လည်နေတုန်း အ၀တ်အစား သပ်သပ်ရပ်ရပ် ၀တ်ဆင်ထားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို တွေ့ လိုက်တယ်။
"အသင်ဟာ ဘယ်သူလဲ..? ဘယ်နည်းနဲ့ နန်းတော်ထဲ ကျူးကျော်ဝင် ရောက်လာသလဲ? "
့“ကျွန်တော်မျိုးက နဂါးမင်းပါ။ ကျေးဇူးဆပ်ဖို့ အတွက် ရောက်ရှိလာခြင်း ဖြစ်ပါတယ်”

"ဘာကျေးဇူးများလဲ? "

"မနေ့က ကျွန်တော့်မျိုး သမီးလေး အရှင်ပန်းခြံထဲက ပန်းများကိုရှုစားရင်း စည်းရိုးမှာ ငြိနေခဲ့တယ်။ အရှင် ကယ် တင်ခဲ့လို့ သမီးတော်လေး နေလောင်ခြင်းမှာလွတ်ကင်းခဲ့ရတဲ့အတွက် ကျေးဇူးဆပ်ချင်ပါတယ်။အရှင်လိုရာ ပြော ပါ။ ကျွန်တော်မျိုး ကူညီဖို့အသင့်ပါ"

"အင်း...နန်းတော်မှာ အဖိုးတန်ပစ္စည်းတွေ အများအပြားရှိတယ်။ ဘာမှလိုလေသေး မရှိဘူးဆိုပေမဲ့ သတ္တ၀ါတို့ရဲ့ ဘာသာစကားကို အကျွန်ုပ်တတ်ချင်တယ်။ အကျွန်ုပ်က ကျေးငှက်တိရိစ္ဆာန်တွေကို ချစ်ခင်နှစ်သက်တယ်။ ဒါပေ မဲ့ သူတို့ဘာတွေပြောနေမှန်း နားမလည်ခဲ့ဘူး"

"ဒါ မခက်ခဲပါဘူး အရှင်။ သူတို့ရဲ့ စကားကို နားလည်ချင်ရင် ဒီနေ့ကစပြီး သူတို့ရဲ့အသားကို မစားပါနဲ့။ သူ့အသား ကိုစားပြီး သူ့စကားကို နားလည်တာမျိုးက မဖြစ်နိုင်ဘူး။ သက်သတ်လွတ်စားပြီး ခုနှစ်ရက်အတွင်း သူတို့စကား ကို အရှင်နားလည်လာပါလိမ့်မယ်။ ဒါပေမဲ့ ဒီကိစ္စကို အရှင်လျှို့ဝှက်ထားရမယ်။ တစ်ယောက်ယောက်က သိသွား ရင် အစွမ်းပြယ်သွားလိမ့်မယ်"

နဂါးမင်းက ပြောပြောဆိုဆို ပျောက်ကွယ် သွားတယ်။ ဘုရင်ကြီးက နဂါးမင်းပြောတဲ့အတိုင်း လိုက်နာခဲ့တယ်။ ခုနှစ်ရက်ရောက်တော့ ဘုရင်ကြီး စားပွဲတော်ခံနေတုန်း ပိုးဖလံနှစ်ကောင်ရဲ့ အသံကိုကြားလိုက်တယ်။

ပိုးဖလံတစ်ကောင်က "တော်... ဟိုကြမ်းပြင်မှာကျနေတဲ့ ထမင်းစေ့ကို သွားကောက်ပါလား" လို့ပြောတော့ နောက် ပိုးဖလံတစ်ကောင်က "စားချင်ရင် ကိုယ်တိုင်သွားကောက်ပါလား"

"ကျုပ်မပျံနိုင်လို့ တော့်ကို ကောက်ခိုင်းတာပေါ့။အစကတော့ချစ်ပါတယ်ဆို ခုတော့ ထမင်းတစ်စေ့ သွားကောက် ဖို့ တောင် တော်မလုပ်နိုင်တော့ဘူးလား"

"အစားပဲရှိပြီ အလုပ်မရှိလို့ ၀နေတာပေါ့။ ၀ိတ်လျှော့ပါဆိုတော့ မလျှော့ဘူး။ ဘုရင်နဲ့ မိဖုရားရှေ့မှာ ကျုပ်ကို ထမင်း သွားကောက်ခိုင်းတာ သေခိုင်းတာနဲ့အတူတူပဲ။ ဘာလဲ မင်းနောက်မီးလင်းနေလို့ ငါ့ကို သေကြောင်း ကြံ တာလား? "

ပိုးဖလံနှစ်ကောင် အချီအချပြောနေတဲ့ စကားကိုကြားတော့ ဘုရင်ကြီးက မအောင့်နိုင်ဘဲ ရယ်မိတော့တယ် ။ ရုတ်တရက် ထရယ်တဲ့ ဘုရင်ကို မိဖုရားက ဘာကြောင့်ရယ်တာလဲ မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြတယ်။

ထမင်းစားပြီး မိဖုရားနဲ့ ရေနွေးကြမ်းသောက်နေတုန်း အိမ်ခေါင်မိုးပေါ်က အိမ်မြှောင်နှစ်ကောင်ရဲ့ စကားပြောသံ ကို ဘုရင်က ကြားလိုက်မိပြန်တယ်။

"ဘေးဖယ် ရှင်မရေ.."

"ဒီလောက်ညဥ့်နက်နေပြီ ရှင်ဘယ်သွားမလို့လဲ။ ဘေးအိမ်က မုဆိုးမဆီ သွားမလို့လား? "

"ဟာ.. ဒီမိန်းမ ငါဘယ်နှစ်ခါ ပြောရမလဲ။ ဘေးအိမ်ကနဲ့ ငါ ဘာမှမပတ်သက်ဘူး။ လူတကာကို မစွပ်စွဲနဲ့"


"ဪ... ကျေးဇူးကန်းရဲ့.. ရှင်က သူ့ကို ကာဆီးကာဆီး လုပ်တာလား။ နေ့တိုင်းပဲ အဲဒီမိန်းမကြောင့် ကျုပ်တို့ စကားများရတယ်။ မပတ်သက်ရင် ဘာဖြစ်လို့ ခဏခဏ သွားနေရတာလဲ"


"ငါ ဘေးအိမ်ကို သွားတာမဟုတ်ဘူး။ မင်း ပူညံပူညံလုပ်လွန်းလို့ နားအေးပါးအေး အပြင်ထွက်ရှောင်မလို့.. ဖယ် စမ်းပါ"

"မဖယ်နိုင်ဘူး ရှင်ရေ... အစကတော့ ကျွန်မကို မခွဲမခွါဘဲ တစ်သက်လုံးချစ်မယ်ဆို။ အခုယူတာ တစ်လတောင် မရှိသေးဘူး။ ရှင်က ကျုပ်ကို ခွါချင်ပြီလား"

အိမ်မြှောင်နှစ်ကောင် လုံးရင်းဆန်ရင်း ခေါင်မိုးပေါ်က ပြုတ်ကျလာပြီး အမြီးတွေ ပြတ်ကုန်တယ်။ "တောက်.. ဒီတစ်လ အမြီးပြတ်တာ သုံးခါရှိပြီကွ" ဒေါနဲ့မောနဲ့ ပြောလိုက်တဲ့ အသံကိုကြားတော့ ဘုရင်ကြီးက မအောင့် နိုင် ဘဲ ရယ်မိပြန်တယ်။ မိဖုရားက မေးတော့ ဘုရင်က ဘာမှမဟုတ်ကြောင်း လက်ကာပြပြန်တယ်။

အဲဒီနေ့ကစပြီး ဘုရင်ဟာ ရုတ်တရက် ထထရယ်နေတတ်တယ်။ ကြုံရဖန်များလာတော့ မိဖုရားက "ဘုရင်ကြီး တစ်ခုခုကို လျှို့ဝှက်ထားပုံရတယ်။ ငါ့အသက်နဲ့ မခြိမ်းခြောက်ခဲ့ရင် သူပြောပြမှာ မဟုတ်ဘူး" ဆိုပြီး ဘုရင်ကြီး ရယ်တဲ့ အကြောင်းရင်းကို မပြောပြရင် ကိုယ့်ကိုကိုယ် အဆုံးစီရင်မယ်လို့ မိဖုရားက ခြိမ်းခြောက်တော့တယ်။

ဘုရင်ကြီးက လျှို့ဝှက်ချက်ကို မပြောပြချင်တော့ " ခဏနေအုန်း.. ကျုပ်အပြင်ထွက်ပြီး စိတ်အပန်း ဖြေလိုက် အုန်းမယ်။ ပြန်လာရင် ပြောပြမယ်" ဆိုပြီး ထွက်ခဲ့တယ်။ နန်းတော်ရဲ့ တစ်နေရာ ဆိတ်ခြံကိုတွေ့တော့ ဆိတ်နှစ် ကောင် စကားပြောနေတာကို ဘုရင်ကြီးက ကြားမိတယ်။

"ကျွန်မမှာ ကိုယ်လေးလက်ဝန်နဲ့ ကျွန်မကို ချီပိုးစမ်းပါ"
"လမ်းလျှောက်နေရက် အကောင်းကြီးကနေ ကျုပ်ကို ဘာလို့ပိုးခိုင်းရတာလဲ"
"ရှင်မပိုးရင် ကျွန်မကိုယ်ကျွန်မ သတ်သေလိုက်မှာနော်"
"ရော်... ဘယ်နှယ့် အဲဒီလို တုံးအတဲ့အတွေးရှိရတာလဲ ရှင်မရယ်။ အဲဒီစကား ဘယ်က သင်ခဲ့တာလဲ ပြောစမ်း"

" ခုန က ဘုရင်နဲ့ မိဖုရား ပြောနေတာကို ကြားလိုက်လို့ပါ။ မိဖုရားက ကိုယ့်ကိုကိုယ် သတ်သေ မယ်ဆိုပြီး တောင်းဆိုတာကို ဘုရင်က ချက်ချင်းပဲ လိုက်လျောခဲ့တယ်။ ကိုယ့်ကိုကိုယ်သတ်သေ တယ်ဆိုတာ လက်နက် ကောင်း တစ်မျိုးပဲ။ ဒါကြောင့် ရှင် ကျွန်မကို အရင်ကလို ချစ်သေးလား... မချစ်ဘူးလားလို့ စမ်းကြည့်တာ"

"ဟား...ဟား.. မင်း အရမ်းတုံးအတာပဲ။ ကိုယ့်ကိုကိုယ် အဆုံးစီရင်တယ်ဆိုတာ ကမ္ဘာပေါ်မှာရှိသမျှ အပြုအမူ ထဲက ရယ်စရာအကောင်းဆုံးနဲ့ အတုံးဆုံး။ သတ္တ၀ါတွေထဲမှာ လူတွေကလွဲရင် ဘယ်သတ္တ၀ါကမှ ကိုယ့်ကိုကိုယ် အဆုံးစီရင်တဲ့လမ်း မရွေးဘူး။ သတ္တ၀ါတိုင်းက ကိုယ့်အသက်ကို ကိုယ်ချစ်တယ်။ ကိုယ့်အသိနဲ့ ကိုယ်အသက် ရှင်တယ်။ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာကို တစ်ခြားလူက ကြားခံပြီး လာသေပေးလို့မရဘူး။ လူတွေလို ကိုယ့် ကိုကိုယ် အဆုံးစီရင်ချင်သလား..? ကိုယ့်ကိုကိုယ် ဆိတ်ပီသအောင် ကျင့်ကြံမလား..? ကြိုက်ရာလမ်းကို ရွေး ပေးတော့"

ဆိတ်ဖို ပြောစကားကို နားထောင်ပြီး ဆိတ်မ ငြိမ်ကုတ်သွားတယ်။ ဘုရင်က သူတို့ပြောတဲ့ စကားကိုနားထောင် ပြီး "ငါဟာ တိုင်းပြည်ရဲ့ အရှင်သခင် ဘုရင်လို့သာပြောတယ်။ ငါ့ရဲ့ အသိဥာဏ်က ဆိတ်တစ်ကောင်ရဲ့ အသိ ဥာဏ်လောက် တောင် မရှိပါလား" လို့ တွေးမိပြီး မိဖုရားကို ပြောပြဖို့ နန်းတော်ထဲ ပြန်ခဲ့တယ်။

မိဖုရားကိုတွေ့တော့ ဘုရင်က"နှမတော်နဲ့ အတူနေချိန် မောင်တော်အမြဲရယ်ဖြစ်တာက ဟိုးအရင်က နှမတော် နဲ့အတူ ပျော်ပါးခဲ့တဲ့ အချိန်တွေကို ပြန်အောက်မေ့ သတိရမိလို့ပါ။ စားသောက်နေချိန်မှာလဲ သတိရတယ်။ အ ပန်းဖြေချိန်မှာလဲ သတိရတယ်။ အစဉ်အမြဲ သတိရနေလို့ပါပဲ နှမတော်"

"ဒါဆိုရင် ဘာဖြစ်လို့ အစကတည်းက မပြောတာလဲ"

"စိတ်ထဲမှာ ထားပြီး တမြေ့မြေ့နဲ့ အောက်မေ့နေရတာက ပိုချိုမြိန်တယ်လေ နှမတော်။ အမွှေးရနံ့တွေ ထည့်ထားတဲ့ ပုလင်းတစ်လုံးလိုပေါ့။ အဖုံးဖွင့်လိုက်ရင် ရနံ့တွေပြန့်လွှင့်ကုန်တယ်"

ဘုရင်ရဲ့ နားဝင်ချိုတဲ့ စကားကိုကြားတော့ မိဖုရားက ၀မ်းသာပီတိဖြစ်ရတယ်။ ဘုရင်က ရုတ်တရက် ပိုးဖလံ နှစ်ကောင် ရဲ့ စကားကို ကြားလိုက်မိတယ်။

"လူတွေရဲ့ စကားချိုချို ပြောတတ်တဲ့ အကျင့်ကို အတုယူထားစမ်းပါ"
"ရှင်လဲကျွန်မကို အဲဒီလို စကားမျိုးပြောရင် ရှင့်ကိုကျွန်မ ရန်မရှာတော့ဘူး"

ဘုရင်ကြီး ရယ်လိုက်မိပြန်တယ်။

[+/-] ဆက်ဖတ်မယ်...

27.5.08

@ ချစ်စကား အမျိုးမျိုး

5 အမြင်လေးတွေ

MYANMAR......>>>>> ချစ်တယ်
.................................ကချင် ~ စောရအိုင်
.................................ကရင် ~ ယအဲ့ဉ်နာ
...................................ချင်း ~ ကွတ်ငိုက် (ဘာသာကွဲအများကြီးထဲကတစ်ခု)
...............................c... မွန် ~ အိုးချမ်းပိတ်
..................................ရခိုင် ~ ချိုက်ပါရေ
................................ ရှမ်း...~ ဟောင်းဟတ်စူ
ENGLISH.......>>>>> i love you
CHINESE.......>>>>> wo ai ni
KOREAN........>>>>> sa rang ni
CAMBODIAN >>>>> Soro lahn nhee ah
MALAYSIAN
..>>>>>Saya cintakan mu / Aku cinta padamu
FILIPINO........>>>>> Mahal kita
THAI
...............>>>>> Chan rak khun (to male)
THAI
...............>>>>>Phom rak khun (to female)
VIETNAMESE>>>>>Em ye^u anh (to male)
VIETNAMESE>>>>>Anh ye^u em (to female)
TAIWANESE...>>>>> Wa ga ei li
JAPANESE
.....>>>>> aishi te ru
RUSSIA
..........>>>>> ya lu balu kyibyar

Sign Language - ,\,,/ (represents position of fingers)

(မှားတာ ရှိရင် ပြင်ပေးပြီး တိုင်းရင်းသားဘာသာထဲက သိတာလေးတွေ ရှိရင် ပေးကြပါအုံး )
ကယားတစ်မျိုးပဲ လိုတော့တယ်ဗျ

[+/-] ဆက်ဖတ်မယ်...

26.5.08

@ Before and After "MARRIAGE"

1 အမြင်လေးတွေ

လက်မထပ်မီကပေါ့....................

ကောင်လေး^^^ အင်း...နောက်ဆုံးတော့ ဘယ်လိုမှကိုစောင့်နေဖို့ သည်းမခံနိုင်တော့ဘူး ။
ကောင်မလေး^^^ နင် ငါ့ကို ထွက်သွားစေချင်သလား ?
ကောင်လေး
^^^ ဟင့်အင်....အဲဒီအကြောင်းကို လုံးဝ မတွေးပါနဲ့ ။
ကောင်မလေး
^^^ နင်ငါ့ကို ချစ်လားဟင် ?
ကောင်လေး
^^^ အင်းပေါ့...အရမ်းအရမ်း ကိုလေ။
ကောင်မလေး^^^ နင်ငါ့ကို အနိုင်ယူ မှာလား ?
ကောင်လေး
^^^ ဟင့်အင်း!!!ဘာလို့ အဲလိုမေးရတာလဲ။
ကောင်မလေး
^^^ နင် ငါ့ကို နမ်းမှာလား ဟင် ?
ကောင်လေး
^^^ အခွင့်အရေး ရတိုင်းပေါ့.....
ကောင်မလေး
^^^ နင်ငါ့ကို ရိုက်မှာလား ?
ကောင်လေး
^^^ ရူးနေလားကွယ်...ငါက အဲလို လူမျိုး မဟုတ်ပါဘူး ။
ကောင်မလေး^^^ နင့် ကိုငါ ယုံ လို့ ရမလားဟင် ?
ကောင်လေး
^^^ အင်း........
ကောင်မလေး
^^^ အချစ်ရယ်.....

~~~လက်ထပ်ပြီးနောက်ပိုင်း ဘယ်လို ပြောကြသလဲ ဆိုတာ သိချင်သလား ? ~~~
(ရှူး.........တိုးတိုး ၊ ကောင်မလေးတွေ မသိစေနဲ့ ဗျ ။ အောက်ကနေ အပေါ်ကို ပြောင်းပြန် ပြန်ဖတ်လိုက်)

[+/-] ဆက်ဖတ်မယ်...

23.5.08

@ ယောက်ျားတွေ ဘာလို့ ညာကြတာလဲ ?

0 အမြင်လေးတွေ


တစ်နေ့ မှာ သစ်ခုတ်သမားတစ်ယောက်ဟာ မြစ်ကမ်းထက်နားက သစ်ပင်တစ်ပင်ရဲ့ အကိုင်းကို အားရပါးရ ခုတ်နေ ပါတယ် ။အဲ....အဲလိုခုတ်နေရင်းနဲ့ သူ့ ရဲ့ လက်စွဲတော် ပုဆိန်ဟာ မြစ်ထဲကို ပြုတ်ကျသွားပါလေရော။ သူလဲ ဘာလုပ်ရမှန်းမသိတော့တာနဲ့ ပဲ မြစ်ကမ်းနဖူးမှာ ထိုင်ငိုနေမိတယ်။အဲဒီအချိန်မှာ မြစ်ကို စောင့်တဲ့ နတ်မင်းကြီးပေါ်လာပြီး သစ်ခုတ်သမားကို အခုလိုမေးသတဲ့ ။
"အသင် ဘာကြောင့် ငိုနေရတာလဲ ?"
"ကျွန်တော်မျိုး ရဲ့ ပုဆိန် မြစ်ထဲကို ကျသွားလို့ ပါ အရှင် ။ ပုဆိန်မရှိ ပဲကျွန်တော်မျိုးဘယ်လို အလုပ် ဆက်လုပ်ရ ပါ့မလဲ "လို့ သစ်ခုတ်သမားက ပြန်ဖြေတယ် ။
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ရွှေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။
"ဒါ သင်၏ ပုဆိန်လား ? "
"မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ပြန်ဖြေတယ်။
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး ငွေပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။
"ဒါ သင်၏ ပုဆိန်လား ? "
"ဒါလဲ မဟုတ်ပါဘူး အရှင်" သစ်ခုတ်သမားက ထပ်ဖြေတယ်။
နောက်တစ်ကြိမ် နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး သံပုဆိန်တစ်လက် နဲ့ အတူ ပြန်ပေါ်လာပြန် ပါတယ်။
"ဒါ သင်၏ ပုဆိန်လား ? "
"ဟုတ်ပါတယ်" သစ်ခုတ်သမားက ၀မ်းသာအားရ နဲ့ ဖြေတယ် ။

နတ်မင်းကြီးဟာ သစ်ခုတ်သမားရဲ့  ရိုးသားမှု ကို နှစ်သက်ကျေနပ်သွားပြီး ပုဆိန် (၃) လက်လုံးကို ပေးလိုက်တဲ့ အခါ သစ်ခုတ်သမားလည်း ၀မ်းသာအားရနဲ့  အိမ်ကို ပြန်သွားပါတော့တယ် ။

သိပ်မကြာတဲ့ ကာလတစ်ခုမှာ သစ်ခုတ်သမားဟာ သူ့ ရဲ့ ဇနီး နဲ့ အတူ မြစ်ကမ်းနဘေးကို လမ်းလျှောက်ထွက် လာခဲ့ပါတယ်။မမျှော်လင့်ပဲ သူ့ ရဲ့ မိန်းမဟာ မြစ်ထဲကို ခြေချော်ပြီး ပြုတ်ကျသွားပါရော ။ ဒီတစ်ခါလည်း ဘာလုပ် ရမှန်းမသိ ငိုနေတဲ့ အတွက် မြစ်စောင့်နတ်မင်းကြီးဟာ ပေါ်လာပြန်တယ်။
"ဟယ်... မောင်မင်း ဘာဖြစ်လို့ ငိုနေရပြန်တာတုန်း?"
" ကျွန်တော်မျိုးရဲ့  မိန်းမ မြစ်ထဲကို ပြုတ်ကျသွားလို့ ပါ ။မိန်းမ မရှိပဲကျွန်တော်မျိုး ဘယ်လိုလုပ် အဲ...ဘယ်လိုလုပ် ရပါ့မလဲ "
နတ်မင်းကြီးဟာ ရေထဲကို ပျောက်ကွယ်သွားပြီး “မိုးဟေကို” နဲ့ အတူ ပြန်ပေါ်လာပါတယ်။ပြီးတော့ သစ်ခုတ်သမားကို မေးတယ်။
“ဒါ သင်၏ မိန်းမ လား ? ”
“ဟာ...ဟုတ်ပါတယ်” အော်ပြီးတော့ကို သစ်ခုတ်သမားက ပြန်ဖြေလိုက်တယ် ။
နတ်မင်းကြီးဟာ ဒေါသအလွန်ထွက်သွားပြီး ပြောတယ်-
“မင်း ညာတယ် ။ ဒါဟာ လိမ်လည်မှုပဲ ”
“အိုး....ခွင့်လွှတ်ပါ အရှင်။ ဒါဟာ အထင်လွဲမှားမှု တစ်ခုပါ ။ ကျွန်တော်မျိုးရှင်းပြ ပါရစေ။ တစ်ကယ်လို့  ကျွန်တော် မျိုးက “မိုးဟေကို” ကိုမဟုတ်ပါဘူးလို့  ငြင်းခဲ့မယ်ဆိုရင် အရှင်က “သင်ဇာဝင့်ကျော်” နဲ့ အတူ နောက်တစ်ကြိမ် ပေါ်လာဦးမယ် ။အဲ ကျွန်တော်မျိုးက မဟုတ်ပါဘူး ထပ်ပြောမှအရှင်က ကျွန်တော်မျိုး မိန်းမ ကို ခေါ်ပြီးပေါ်လာမယ် ။ အဲဒီ အခါကျ ကျွန်တော်မျိုးက “ဟုတ်ပါတယ်” ဆိုရင် အရှင်က သဘောကျပြီး (၃) ယောက်လုံး ကျွန်တော်မျိုးကို ပေးပါတော့မယ် ။ နတ်မင်းကြီးရယ်...ကျွန်တော်က ဆင်းရဲတဲ့ သစ်ခုတ်သမားလေး ပါ ။ ဘယ်လို လုပ်ပြီး မိန်းမ (၃)ယောက်ကို ဂရုတစိုက် လုပ်ကိုင်ရှာဖွေ ကျွေးနိုင်ပါ့မလဲ ။ ဒါဆိုရင် ကျွန်တော်ဘာ ကြောင့် လိမ်ညာရတယ် ဆိုတာ အရှင်သဘောပေါက်မယ် ထင်ပါတယ် ”



The moral of this story is: Whenever a man lies, it is for a good and honourable reason, and for the benefit of others.

Keep the faith fellas..!

[+/-] ဆက်ဖတ်မယ်...

20.5.08

@ ကောင်လေးနဲ့ ကောင်မလေး

0 အမြင်လေးတွေ


### ကောင်မလေးကကောင်လေးကိုမေးတယ်။
ကောင်မလေး ။ ။ နင်ငါ့ကို လှတယ်လို့ ထင်လား ?
ကောင်လေး ။ ။ ဟင့်အင်း ........မထင်ဘူး။
ကောင်မလေး ။ ။ နင်ငါနဲ့ အမြဲတမ်းနေချင်သလား ?
ကောင်လေး ။ ။ ဟင့်အင်း...
ကောင်မလေး ။ ။ ဒါဆို တကယ်လို့ ငါအဝေးကို ထွက်သွားရင် နင်ငိုမှာလား ?
ကောင်လေး ။ ။ ဟင့်အင်း

"အင်း ...ဒါတွေဟာ သိပ်ကို လုံလောက်တဲ့ အဖြေတွေပါပဲ...."

......... သူမ၀မ်းနည်းစွာတွေးရင်းနဲ့  အဝေးကို ထွက်သွားတဲ့အခါ မျက်ရည်တွေက အလိုလိုနေရင်း ပါးပြင်ပေါ် ကို ဆင်းသက်လာကြတယ်။
......... အဲဒီအချိန်မှာပဲ ကောင်လေးကကောင်မလေးကို နောက်ဘက်ကနေ သိုင်းဖက်လိုက်ပြီးပြောတယ်~
" နင်ကမလှပါဘူး။ဒါပေမဲ့ နင်ဟာဖြူစင်ပြီး သိပ်ချစ်ဖို့ကောင်းတယ်။ တကယ်ကငါနင်နဲ့ တသက်လုံး နေချင် တာ မဟုတ်ပါဘူး။နင်နဲ့ ထာဝရနေဖို့  လိုကို လိုအပ်တာပါ ။ နင်သာငါ့ရဲ့ အဝေးကို ထွက်သွားခဲ့ရင်ငါ့မှာငိုဖို့  အင်အားတွေတောင် ရှိမှာမဟုတ်တော့ပါဘူး။ငါ ...သေသွားမှာပဲ "
..........'' နင်ထင်သလို မဟုတ်ရပါဘူး ချစ်သူရယ်..နင့်ရဲ့ ခံစားချက်တိုင်းဟာ ငါ့ရဲ့  ခံစားချက်တွေပါပဲ။မင်းလေး က ကိုယ့်ရဲ့ ဘ၀ ပါကွယ်..."

ချစ်သူနှစ်ယောက်ရဲ့ အပြုံးတွေဟာ အဲဒီအချိန်မှာ ဘယ်လောက်လှလိုက်မလဲနော် .........................

[+/-] ဆက်ဖတ်မယ်...

18.5.08

@ MOBILE PHONE ကိုင်သူများအတွက် သတိပြုစရာ အချက်လေးတွေပါ

1 အမြင်လေးတွေ




mobile phone ကို တစ်ညလုံး charging မသွင်းပါနဲ့ ။အဲဒါက battery သက်တမ်းကို ကျစေပါတယ်။ ပြီးတော့ charging သွင်းနေတဲ့ အချိန်မျိုးမှာ phone ကို မိမိ အနီးအနားမှာ မထားပါနဲ့ ။ ဘယ်သောအခါမှ charging သွင်းလျက်နဲ့  phone မပြောပါနဲ့ ။

မကြာသေးတဲ့ နေ့ တစ်နေ့ က လူငယ်တစ်ဦးဟာ အိမ်မှာနေရင်း cell phone ကို recharge လုပ်နေပါတယ်။ အဲဒီအချိန်မှာပဲ phone ၀င်လာလို့  ကိုင်လိုက်ပါတယ် (မီး plug ကိုမဖြုတ်ပဲနဲ့ ပေါ့)။ သိပ်မကြာတဲ့ အချိန်လေးအတွင်းမှာပဲ phone အတွင်းစီးဝင်တဲ့ လျှပ်စစ်ဟာ ဖေါက်ပြန်ပြီး လူငယ်ဟာ ကိုင်ပေါက်ခံလိုက်ရ သလို ကြမ်းပြင်ကို လွှင့်စင်ထွက်သွားခဲ့ပါတယ်။ သူ့ ရဲ့ မိဘများဟာ အသံကြောင့်အခန်းထဲ အပြေးအလွှား ၀င်ရောက်လာတဲ့အခါမှာတော့သူတို့သားလေးဟာ သတိလစ်နေတာကိုတွေ့  ရပါတော့တယ် ။ သူ့ ရဲ့နှလုံးခုန်နှုံး ဟာ သိပ်ကို အားပျော့နေပြီး သူ့ ရဲ့  လက်ချောင်းတွေဟာလဲ လောင်ကျွမ်းနေပါတယ်။ သူ့ ကို အနီးစပ်ဆုံး ဆေးရုံကို အမြန်ဆုံး ပို့ ပေးခဲ့ပေမဲ့ ဘာမှမတတ်နိုင်တော့ပါဘူး ။ သူဟာ သေဆုံး သွားခဲ့ပါတယ် ။

Cell phones တွေဟာသိပ်ကို အသုံးဝင်တဲ့ ခေတ်မီ electronic ပစ္စည်းတစ်မျိုးပါ။ ဒါပေမဲ့လည်းသူဟာ သေခြင်းတရားကိုလည်းဖန်ဆင်းနိုင်တဲ့ ပစ္စည်းတစ်မျိုးဖြစ်ကြောင်း ကျွန်တော်တို့သတိပြုရပါမယ်။ ဒါကြောင့် ဘယ်သောအခါမှာမှ cell phone တွေကို မီး plug တပ်လျက် အသုံးမပြုပါနဲ့ လို့  အကြံပြု တိုက်တွန်းလို ပါတယ် ။

[+/-] ဆက်ဖတ်မယ်...

14.5.08

@ Flashy Virus နဲ့  အမည်ပြောင်း Flashy Virus များ အကြောင်း

0 အမြင်လေးတွေ


Computer တော်တော်များများမှာ virus ထိရင် အများအားဖြင့်တော့ flashy.exe , system.exe , new folder.exe , msmsgs.exe ,aa.exe, bad1 , bad2 , bad 3 စတဲ့ အရာတွေကြောင့် များပါတယ် ။ camera တွေကပါလာတတ်တဲ့ DCIN.exe ကလည်း flashy ပါပဲ ။ သူတို့  က Folder Options , Task Manager နဲ့  Command line တွေသုံးမရအောင် လုပ်လိုက်ပါတယ် ။ virus scan လုပ်လိုက်လို့ virus တွေ သေသွားခဲ့ရင်တောင်မှ သူတို့ ပြင်လိုက် တဲ့ registry key တွေက ဆက်လက်အသက်ဝင်နေ ပါတယ်။TuneUp Utilities software လို software မျိုးက အလားတူ virus များသတ်ရာမှာ များစွာ အထောက်အကူပြု ပါတယ် ။ virus ကြောင့် window registry , window task manager တွေ run မရတဲ့ အချိန်မှာ TuneUp Process Manager , TuneUp Registry Editor တို့ က အကူအညီ ပေးနိုင်လို့ ပါပဲ။ ပထမဆုံး Process Manager ကနေ virus တွေကို end task ပေးပါ ။
အဲဒီနောက် အခု * file * (registry prepare.bat) လေးကို download ချပြီး Run ပါ။
pause ....ဖြစ်နေသောအချိန်များတွင်နှစ်သက်ရာ key တစ်ခုခုကို နှိပ်ရပါမည် ။
ထို့ နောက်တွင် folder option မှ show hidden files and folders ကို ရွေးပါ ။ hide extension for known file types နှင့် hide operated system file (Recommended) တို့ ကို uncheck လုပ်ပါ ။ ထို့ နောက်တွင်မှ hardisk အတွင်း နှင့် ( system32) တို့ တွင် အရောင်မှိန်နေသော flashy.exe , system.exe , DCIN.exe အစရှိသည့် folder များကို ဖျက် ပစ်ပါ (folder တွင်.exe Extension ပါနေပါ virus ဖြစ်သည်) ။ virus scan လုပ်နိုင်ပါက ပိုမို အဆင်ပြေပါသည် ။
(မသိသေးသူများအတွက် ရည်ရွယ်ရေးသားပါသည်။)

[+/-] ဆက်ဖတ်မယ်...

About Me

My photo
ကျွန်တော် နှစ်သက်မိတဲ့ သိထားတဲ့ အရာတွေကို တစ်နေရာတည်းမှာ စုစည်းဖို့ ၊ အများကို မျှဝေဖို့  ဆန္ဒနဲ့ စာတွေ ရေးနေပါတယ် ။
1.Blogger Templates template တော်တော်များများကို စိတ်ကြိုက်ရွေးနိုင်ပါတယ်။
2.computer technology ကွန်ပျူတာ ၊ အင်တာနက်နဲ့ ပတ်သက်တဲ့ နည်းပညာတော်တော်များများကို ဆွေးနွေးထားပါတယ်။
3.myanmar Wikipedia မြန်မာ Blogger တိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာပါ ။
4.think global & work local ပြည်တွင်းကနေပဲ ပြည်ပနဲ့ သက်ဆိုင်တဲ့အလုပ်တွေကို လုပ်နိုင်စေဖို့  ကြိုးစား အားထုတ်နေတဲ့ Blogတစ်ခုပါ။
5.zawgyi font add_on ဇော်ဂျီမြန်မာ font ကို Firefox မှာ Add-on အဖြစ်သုံးနိုင်ပါပြီ။ ကိုသက်ထွေးအောင် ရဲ့ ကြိုးစားမှုပါ။
6.trick & ticks ကျွန်တော်တို့  blogspot သမားတွေရဲ့  ဆရာကြီးပါ။ widget တော်တော်များများကိုဖော်ပြထားပါတယ်။


 
ပူးတစ်ကောင် ရဲ့  လက်ရာ - Template By Blogger Clicks