အချစ်ကို ခံစားဖူးသူတိုင်း ကဗျာဆရာ ဖြစ်ခဲ့ဖူးကြတယ်တဲ့....
တစ်နေ့ တော့ အိပ်မက်အလွန် ကိုသွားရင်း ၁ ကနေ ၁၀ ကိုတွေ့ ပါရောလား ။
မြင်မြင်ချင်း သဘောကျတယ် ဆိုတာ ဒါပေါ့ ။ဒါနဲ့  comment ရေးဖို့ စိတ်ကူးလိုက်တယ်။
အဲမှာ နောက်ထပ် ၁ ကနေ ၁၀ ကိုထပ်တွေ့ ပါရော။
အသစ်မြင်တော့ အဟောင်းမေ့တယ်ဆိုတာ ဒါပါလား။
ဘယ်ရမလဲ ကိုပူးတို့ ကဗျာစွမ်းကို ထုတ်ပြရတော့တာပေါ့ ။
ဒီလိုလေး :)
၁ သက်လုံး
၂ သက်နေမိသော
၃ စားမရတဲ့ မာနတွေ
၎ လံစွာ သယ်ယူရင်း
၅ စိတ်တွေ
၆ ခြားစပြုလာတယ်
၇ အားပြင်း အချစ်စိတ်တွေကြား
၈ တယ်ဆိုတဲ့ မပီကလာ စကား
၉ ကြားမိချိန်
၁၀ စက္ကန့် လောက် အသက်ရှု ရပ်သွားတယ် ။
28.6.08
@ ၁ ကနေ ၁၀
ရေးသားသူ
ကိုသက်နောင်(phoeniz)
Labels:
poem
Subscribe to:
Post Comments (Atom)
7 အမြင်လေးတွေ:
၁ခါထဲကိုဖတ်ပြီး၂သက်လွန်းလို့၃နေကျ
ကွန်ပျူတာ၎နဲ့၅ဆိုတဲ့dreamကကြွက်မဟုတ်တဲ့
ပူးဆိုတဲ့လူကို၆ခြားမှုမရှိအောင်၇ကြိမ်၊၈ကြိမ်လောက်
၉မန့်ပေးချင်ပေမယ့်ပင်ပန်းနေလို့၁၀မိနစ်လောက်သွားနား
လိုက်ဦးမယ်။
ဟီးဟီး..ခင်ရို့ဆယာနော်
ချိတ်ချိုးနတ်။ချိတ်ချိုးရင်သူခိုးနတ်သိုင်ပေါ
လိုက်မာ။
:P
haha
၁၀ စက္ကန့် လောက်သာအသက်ရှုရပ်သွားလို့ပေါ့ဗျ၊၊
၁၀မိနစ်လောက်ဆို ကိုပူးကြီးဒုက္ခတွေ့နေမယ်နော်...
ပျော်ရွှင်ပါစေ...
harha!!!Republic ပြောမှသတိထားမိတယ်။၁၀မိနစ်ဆိုလွယ်ဘူးတဲ့ :P
မိုက်တယ်နော်.... အနော်ကတော့..... ၁၀ စက္ကန့်လောက်တော့ အသက်ရှုရပ်သွားတဲ့ လူကိုတွေ့ချင်တယ်...
၁၁) ယောက်လောက် ဘောလုံးတစ်သင်းစာ
ကလေးတွေ ယူမိလိုက်မှဖြင့်...
အသက်ရှူ ဖို့ တော်တော်ခက်ခဲ နိုင်ပါတယ်..းးးP
ပျော်ရွှင်ချမ်းမြေ့ ပါစေ
လန်ထွက်နေတာပဲ... ပဲာပဲာ..
မိုက်တယ်ဗျ... ဘယ်လိုကနေ ဘယ်လို စိတ်ကူးရသွားသနည်း.. :P
Post a Comment
အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။