20.6.08

@ ရစ်နှောင်ခြင်း

ဒီပိုစ့်လေးဟာ ကို Republic ရဲ့  BONDING (ရစ်နှောင်ခြင်း) ကို
ကျွန်တော် နားလည်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ် ။


အဖေနဲ့  သမီးလေး တို့ ဟာ တံတားတစ်စင်းကို ဖြတ်လာကြတယ်။ သမီးလေးကြောက်နေမှာစိုးလို့ အဖေကပြောတယ်-

"မီးလေး ...ဖေကြီးလက်ကို ကိုင်ထားနော်...ဒါမှ မီးလေး ရေထဲကို ပြုတ်မကျမှာ "

"ဖေကြီးက ကိုင်ရမှာလေ.." လို့သမီးလေးကပြန်ပြောတယ်-

"ဘာကွာလို့ လဲ မီးလေးရဲ့  " အဖေက အံ့ သြ ပြီးမေးတယ် ။

"အများကြီး ကွာတာပေါ့ ဖေကြီးရဲ့  " လို့ ဖြေရင်း သမီးလေးက ဆက် ပြောတယ် -
"သမီးကဖေကြီးလက်ကို ကိုင်ထားပေမဲ့ တစ်ခုခုဖြစ်ခဲ့ရင် သမီးက ကြောက်ပြီးဖေကြီးလက်ကို လွှတ်မိသွားလိမ့်မယ် ။ ဖေကြီးက ကိုင်ထားရင်တော့ ဘာပဲဖြစ်ဖြစ် ဖေကြီးက သမီး လက်ကို ဘယ်တော့မှ လွှတ်မှာ မဟုတ်ဘူးလေ "
---------------------------------------------------***----------------------------------------------------------
ဘယ်လိုရင်းနှီးပတ်သက်မှုမျိုးမှာမဆို ...ယုံကြည်မှု ရဲ့  အနှစ်သာရ ဟာ ချည်နှောင်မှု ၊ ချုပ်နှောင်မှု တွေထက် သံယောဇဉ်တရား ပေါ်မှာ မူတည်နေပါတယ် ။
ဒါကြောင့် မိမိချစ်တဲ့သူရဲ့ လက်ကို မိမိကိုယ်တိုင်ပဲ ရဲရဲ တင်းတင်း ကိုင်လိုက်ပါ ။ သူက ကိုယ့်လက်ကိုင်မှာကို မျှော်လင့်နေမဲ့ အစားလေ ။
ကိုယ့်အပေါ် ယုံကြည်မှုအပြည့်အ၀ ရှိနေပါစေနော် ...

တူရာလေးတွေ ဖတ်ချင်ရင်



8 အမြင်လေးတွေ:

RePublic said...

စာဖတ်သူကို ခံစားချက်တစ်ခု ပေးစွမ်းနိုင်တဲ့ပိုစ့်ပါ၊၊
အရေးကောင်းပါတယ် ၊၊ကျေးဇူးလည်းတင်ပါတယ်၊၊

Dream said...

ယုံကြည်မှုနဲ့ကိုချစ်ရသူရဲ့လက်ကို
မြဲမြံစွာဆုပ်ကိုင်ထားခြင်းဟာ
တဦးနဲ့တဦးရဲ့သံယောဇဉ်နှင့်
ယုံကြည်မှုကို
ပိုလို့တိုးစေပါတယ်။
ချစ်ရသူဆိုတဲ့အထဲမှာ
မိဘနှင့်သားသမီး
မောင်နှမ
ဆရာတပြည့်
သူငယ်ချင်း
စသည့်အားလုံးပါဝင်ပါတယ်။

အရမ်းကောင်းပါတယ်။ :)

ဘိုဘို said...
This comment has been removed by the author.
ဘိုဘို said...

အနော်ဆိုရင် အနော်ကောင်မလေးကို ကိုယ်ကကြီးပဲ စပြီး အတင်းကိုင်လွန်းအားကြီးလို့ (လက်ကိုပြောတာနော်) ကောင်မလေးက လွတ်ပါဆိုပြီးပြောယူရတယ်.. နောက်ကျတော့ ကျွန်တော်က သူကိုစပြီး ကိုင်စရာမလိုတော့ဘူး (လက်ကိုပြောတာနော်) သူကပဲ ကျွန်တော်ကိုစကိုင်တော့တာပဲ (လက်ကိုပြောတာနော်) ...
ကိုယ်ကတကယ်ချစ်တယ်ဆိုရင်.. သူဘက်က တုံပြန်မှုတွေ ကို ဘာမှမမျှော်လင့်ပဲ ကိုယ်ဘက်ကနေ ပေးဆပ်သွားရမယ်လေ ဒါမှသူက ကိုယ့်ကို တကယ်ချစ်ပါလားဆိုပြီး ယုံကြည်လာမယ်လေ။
အဲဒီင်္လိုပဲ ဘယ်နေရာရာမှာပဲဖြစ်ဖြစ် ကိုယ်ကဦးဆောင်သူ တယောက်ဖြစ်နေပြီဆိုရင်.. ကိုယ်ရဲ့လက်အောက်ငယ်သားတွေရဲ့ လိုအပ်ချက်ကို သူတို့တောင်ဆိုမှ ဖြည့်ပေးတာထက်စာရင် သုတို့မတောင်းဆိုခင်ကတည်းက ဖြည့်ပေးလိုက်တာက ကိုယ့်ကို သူတို့ရဲ့ ယုံကြည်မှု၊ အားကိုးမှုတွေက အရင်ကထက်စာရင် ပိုလို့တိုးစေပါတယ်....

ဒီဇင်ဘာနှင်း said...
This comment has been removed by the author.
ဒီဇင်ဘာနှင်း said...

် အရမ်းကောင်းပါတယ် စိတ်ထဲမှာလဲ အတွေးတွေအများကြီးဝင်သွားပါတယ်

ဖူးဖူး said...

so good ....This post give a valuable sense .SO we must value our parent.

စိုင်းစိုင်းလားရှိုး said...

ကိုသက်နောင်
လေးစားတယ်..........

Post a Comment

အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။

About Me

My photo
ကျွန်တော် နှစ်သက်မိတဲ့ သိထားတဲ့ အရာတွေကို တစ်နေရာတည်းမှာ စုစည်းဖို့ ၊ အများကို မျှဝေဖို့  ဆန္ဒနဲ့ စာတွေ ရေးနေပါတယ် ။
1.Blogger Templates template တော်တော်များများကို စိတ်ကြိုက်ရွေးနိုင်ပါတယ်။
2.computer technology ကွန်ပျူတာ ၊ အင်တာနက်နဲ့ ပတ်သက်တဲ့ နည်းပညာတော်တော်များများကို ဆွေးနွေးထားပါတယ်။
3.myanmar Wikipedia မြန်မာ Blogger တိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာပါ ။
4.think global & work local ပြည်တွင်းကနေပဲ ပြည်ပနဲ့ သက်ဆိုင်တဲ့အလုပ်တွေကို လုပ်နိုင်စေဖို့  ကြိုးစား အားထုတ်နေတဲ့ Blogတစ်ခုပါ။
5.zawgyi font add_on ဇော်ဂျီမြန်မာ font ကို Firefox မှာ Add-on အဖြစ်သုံးနိုင်ပါပြီ။ ကိုသက်ထွေးအောင် ရဲ့ ကြိုးစားမှုပါ။
6.trick & ticks ကျွန်တော်တို့  blogspot သမားတွေရဲ့  ဆရာကြီးပါ။ widget တော်တော်များများကိုဖော်ပြထားပါတယ်။


 
ပူးတစ်ကောင် ရဲ့  လက်ရာ - Template By Blogger Clicks