သိပြီးသားသူတွေ အများကြီးရှိချင် ရှိနေပါလိမ့်မယ် ။ ကလေးကလား ဆန်နေမလား လို့ လဲ စိုးရိမ်မိပါတယ်။
ဒါပေမဲ့ မသိသေးသူတွေ အတွက်ဆိုတဲ့ စိတ်ကလေးနဲ့  အခု post လေးကိုရေးသားလိုက်ရပါတယ်။
My Computer အတွင်းက Hard Disk Drives လေးတွေကို အခုလို icon လေးတွေပြောင်းလဲဖို့ ပါ။
လွယ်လွယ်လေးပါ။အထက်ဖော်ပြပါ ပုံက Drives D: လုပ်ထားပုံလေးကို ဥပမာအနေနဲ့ ပြောပြပါမယ်။
New Text Document တစ်ခုကို ယူပြီး အခုလိုလေး ရေးလိုက်ယုံပါပဲ ။ save လုပ်တဲ့ အခါမှာတော့ autorun.inf ဆိုပြီး save လုပ်ရပါမယ်။ ( autorun.txt ) ဖြစ်နေရင်မရပါဘူး ။
အထက်ဖော်ပြပါ ပုံက Generals.ico နေရာမှာ မိမိနှစ်သက်ရာ icon ပုံလေးများကို ထည့်နိုင်ပါတယ် ။ အဲဒီလို autorun.inf နဲ့  သက်ဆိုင်ရာ icon လေးကို မိမိ ထည့်လိုတဲ့  Drives (D:)အတွင်းထည့်ပြီးသွားပြီဆိုရင် Drives ကို rename ပေးဖို့ လိုပါတယ် ။ ဒါမှသာ ကိုယ်လိုချင်တဲ့ icon ပုံလေးဟာ Drives မှာပေါ်နေမှာ ဖြစ်ပါတယ် ။ အဲဒီ icon လေးတွေဟာ မိမိ ကွန်ပျူတာကို ပိုမို လှပစေယုံသာမက virus alarm တစ်ခုအနေနဲ့ပါ အသုံးဝင်ပါတယ် ။ဘာဖြစ်လို့ လဲ ဆိုတော့ virus အများစုဟာ autorun.inf ကိုအသုံးပြုလို့ ပဲ ဖြစ်ပါတယ် ။ ဥပမာ ကျွန်တော် ဖော်ပြဖူးတဲ့  Flashy virus ၀င်သွားပြီ ဆိုရင် ကိုယ်လုပ်ထားတဲ့ icon ပုံလေးတွေဟာ ပျောက်သွားပြီး မူလ window က Drives ပုံအတိုင်းပဲ ပြန်ဖြစ်သွားပါတယ် ။ (အဲဒီလို ဖြစ်သွားတိုင်း virus ကြောင့်လို့ ဆိုလိုတာ မဟုတ်ဘူးနော်)။icon ပုံလေးတွေကိုတော့ search engine တွေကနေတဆင့် ရှာဖွေနိုင်ပါတယ် ။ကျွန်တော်မှာ ရှိတာလေး တစ်ချို့ ကိုလည်း share ပေးလိုက်ပါတယ် ။ *ဒါလေး* ကို နှိပ်ပြီး ယူပါခင်ဗျား ။
22.6.08
@ icon လေးတွေ ချိန်းကြစို့ လား
ရေးသားသူ
ကိုသက်နောင်(phoeniz)
Labels:
computer technology
Subscribe to:
Post Comments (Atom)
4 အမြင်လေးတွေ:
ကိုသက်နောင် ရေ တစ်ခုခုများလွဲနေသလား မသိဘူး ကျွန်တော်လည်း အစ်ကိုပြောတဲ့ အတိုင်း လုပ်တာပဲ :P icon လေးတွေ နေရာမှာ
notepage ပုံပဲပေါ်လာတယ် .. ဘယ်နေရာမှာ ဘယ်လိုထည့်ရတယ် ဆိုတာလေး ပြောပြပါလား
ကျေးဇူး မမေ့ပါဘူး :P
ကျွန်တော်ထင်တာ အကို file name save တာ လွဲနေတယ်ထင်တယ် ။
notepad မှာ save တာက ဥပမာ ..
icon=Generals.ico ဆိုပါတော့ ..
အဲဒီတော့ အကိုထည့်ချင်တဲ့ ပုံနာမည်ကလည်း Generals ဆိုတာဖြစ်ရပါတယ် ။
အဲဒါမှ Generals.ico ဆိုတဲ့ icon ကိုခေါ်သုံးနိုင်မှာပါ ။
တကယ်လို့ icon=software.ico ဆိုရင် ထည့်လိုတဲ့ပုံကိုလည်း software လို့ပေးရပါမယ် ။
ပုံကလည်း ico file type ဖြစ်ဖို့လိုပါတယ် ။
လုပ်ချင်ရင် paint ဖွင့်ပြီး save ရင် 24 bit နဲ့ save ပြီး file name ကို .ico ပေးရင် icon ပုံလေးတွေရပါတယ် ..
အဆင်ပြေပါစေ ...
icon.rar file ကမပွင့်ဘူးဖြစ်နေတယ်ဗျာ..
ကဲ..လာလေရော့...
အဲလို ထူးချွန်နေတာ..computer ကိုလေဗျာ..
ရှုး...တိုးတိုး
.rar file ကို right click ထောက်ပြီး Extract Here နှိပ်ရမှာ ကိုမသိတာလား !!!
ဒါမှမဟုတ် ကျွန်တော့် လင့်က အလုပ်မလုပ်တာလား !!!
မနောက်ပါနဲ့  ကို Republic ရာ
Post a Comment
အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။