18.6.08

@ သား နဲ့ ဖေဖေ

ဖခင်တစ်ယောက်ဟာ အိမ်ကို ပင်ပမ်းနွမ်းနယ်စွာနဲ့ နောက်ကျပြီးပြန်လာပါတယ်။သူ့ ရဲ့  ၅ နှစ်သားအရွယ် သားလေးက သူ့ ကို တံခါးဝ ကနေ စောင့်ကြိုနေပါတယ် ။
"ဖေဖေ...သားတစ်ခုမေးချင်လို့ "
"အင်း...မေးလေ"
"ဖေဖေ အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်"
"ဒါသားနဲ့ မဆိုင်ပါဘူး။ဘာလို့ ဒါတွေ လာမေးနေတာလဲ ။ ဖခင်က စိတ်တိုပြီးပြောလိုက်တယ်။"
"သားက သိချင်ယုံ သက်သက်ပါ။ပြောလို့ မရဘူးလားဟင်"
"တစ်နာရီကို ၁၀၀၀ ရတယ် ။ဘာဖြစ်လို့ လဲ ...ပြော"
"အိုး"
အာမေဍိတ် တ , ပြီး ကလေးငယ်လေးက ခေါင်းငိုက်စိုက်ကျသွားတယ် ။ ပြီးတော့အဖေလုပ်သူကိုပြောတယ်။

"ဖေဖေ ...ဒါဆိုသားကို မုန့် ဖိုး ၅၀၀ ပေးပါလားဟင်"
"ဘာမဟုတ်တဲ့ အရုပ်ဝယ်ဖို့ ၊ အရေးမပါတာတွေလုပ်ဖို့ အတွက် ငါ့ကို ဒါတွေလာမေးနေတာလား ။ သွား...အခန်းထဲပြန်ပြီးအိပ်တော့ ။ အဖေလုပ်တဲ့သူကတော့ တစ်နေ့ တစ်နေ့  ပင်ပင်ပမ်းပမ်း အလုပ်တွေ လုပ်လို့ ။ မင်းက ကိုယ်လိုချင်တာပဲ ကိုယ်သိတယ် ။"
ကလေးငယ်လည်း အခန်းထဲ ကို တိတ်တိတ်လေး ၀င်သွားတယ် ။
တစ်နာရီလောက်ကြာတော့ ဖခင်လဲ စိတ်အေးသွားတယ် ။ သူတွေးမိတယ် ....
ငါ့သားအရင်က ဒီလို မုန့် ဖိုးမတောင်းဖူးပါဘူး ။ သူဘာများ ၀ယ်ချင်တာ ရှိလို့ ပါလိမ့်...
သားရဲ့ အခန်းတံခါးကို ဖွင့်ပြီး ကလေးကိုကြည့်တယ်။
"သား...အိပ်နေပြီလား"
"မအိပ်သေးဘူး..ဖေဖေ"
"ဖေဖေ ပင်ပမ်းနေလို့ သားကို ဆူလိုက်မိတာပါ...ရော့ သားအတွက် မုန့် ဖိုး ၅၀၀"
ကလေးငယ် ဟာအိပ်ယာပေါ် ကနေ ငေါက်ကနဲ ထထိုင်တယ်။
"ဟေး.....ပျော်စရာကြီး"
ပြောရင်းနဲ့ ကလေးငယ် ဟာ သူ့ ရဲ့ ခေါင်းအုံးအောက်က ပိုက်ဆံတွေကို ထုတ်လိုက်တယ်။ပြီးတော့ ဖြည်းဖြည်းချင်း ရေတွက်နေတယ်။
"သားမှာ ပိုက်ဆံတွေ ရှိနေရက်သားနဲ့  ဘာလို့ ဖေဖေ ဆီက ပိုက်ဆံ ထပ်လိုချင်ရတာလဲ "
"မလောက်သေးလို့ ပေါ့ ဖေဖေရယ် ။ ဒါပေမဲ့  အခု ရသွားပြီ ။ သားမှာ ၁၀၀၀ ပြည့်သွားပြီ ။ ဖေဖေ...သားဖေဖေ့ဆီက အချိန် တစ်နာရီ ၀ယ်လို့ ရမလား ။ မနက်ဖြန်ကျရင် ဖေဖေ ရုံးကနေ တစ်နာရီ စောပြန်လာပေးပါလား ။ သား ဖေဖေနဲ့ အတူ ထမင်းစားချင်လို့ "
ဖခင်ဟာ သားငယ်လေးကို ငေးကြည့်နေရင်း ထွေးဖက်ထားလိုက်ပါတော့တယ် ။

*** သင်ဘာအတွက် အလုပ်တွေ လုပ်နေတာပါလဲ ? ၁၀၀၀ နဲ့ ညီမျှတဲ့ သင့်ရဲ့ အချိန်တွေကို သင်ချစ်တဲ့ သူ အတွက်မျှဝေဖို့ မမေ့ပါစေနဲ့  ***


တူရာလေးတွေ ဖတ်ချင်ရင်



7 အမြင်လေးတွေ:

ရှမ်းကလေး said...

ကောင်းတယ်ဗျို့..၊ ကိုယ့်သားကို အချိန်ပေးရမှန်း အခုမှသိတော့တယ် :)

ဒီဇင်ဘာနှင်း said...

အချိန်ဆိုတာ အစားထိုးပြန်မရတဲ့အရာပါ

အညာသား said...

နာရီပိုင်ရှင်အားလုံးလဲ အချိန်ကိုမ၀ယ်နိုင်သေးဘူးဟေ့ ဆိုတဲ့သီချင်းလိုပေါ့ဗျာ။ အချိန်တိုင်းဟာ ဘ၀အတွက် တန်ဘိုးရှိနေတာပဲမဟုတ်လား။

ဖူးဖူး said...

သားကြီးလာရင် သားနဲ့အချိန်ပြည့်နေဖို့ အဖေ အခုအလုပ်လုပ်နေရတာပေါ့...........

စိုင်းစိုင်းလားရှိုး said...

ပူး..ဒီလိုခံစားချက်မျိုးရဖူးလား?
ရဖူးရင်ပိုကောင်းမယ်....

weenyinthit said...

မိုက်တယ်ဗျို့..........

Unknown said...

ငွေနောက်ကို အချိန်ပြည့်လိုက်နေရတဲ့
လူ့ဘ၀အမောတွေကို ထင်ဟပ်စေတဲ့
post လေးပါပဲ အတော်ကိုကောင်းပါတယ်

Post a Comment

အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။

About Me

My photo
ကျွန်တော် နှစ်သက်မိတဲ့ သိထားတဲ့ အရာတွေကို တစ်နေရာတည်းမှာ စုစည်းဖို့ ၊ အများကို မျှဝေဖို့  ဆန္ဒနဲ့ စာတွေ ရေးနေပါတယ် ။
1.Blogger Templates template တော်တော်များများကို စိတ်ကြိုက်ရွေးနိုင်ပါတယ်။
2.computer technology ကွန်ပျူတာ ၊ အင်တာနက်နဲ့ ပတ်သက်တဲ့ နည်းပညာတော်တော်များများကို ဆွေးနွေးထားပါတယ်။
3.myanmar Wikipedia မြန်မာ Blogger တိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာပါ ။
4.think global & work local ပြည်တွင်းကနေပဲ ပြည်ပနဲ့ သက်ဆိုင်တဲ့အလုပ်တွေကို လုပ်နိုင်စေဖို့  ကြိုးစား အားထုတ်နေတဲ့ Blogတစ်ခုပါ။
5.zawgyi font add_on ဇော်ဂျီမြန်မာ font ကို Firefox မှာ Add-on အဖြစ်သုံးနိုင်ပါပြီ။ ကိုသက်ထွေးအောင် ရဲ့ ကြိုးစားမှုပါ။
6.trick & ticks ကျွန်တော်တို့  blogspot သမားတွေရဲ့  ဆရာကြီးပါ။ widget တော်တော်များများကိုဖော်ပြထားပါတယ်။


 
ပူးတစ်ကောင် ရဲ့  လက်ရာ - Template By Blogger Clicks