နိုင်ငံ လူမျိုးပေါင်း အများကြီး ရှိကြပေမဲ့ လုံးဝမကွဲပြား မခြားနားပဲ တူတာ လေးတွေတော့ ရှိကြပါတယ် ။
အဲဒါကတော့ ရီခြင်း ၊ ငိုခြင်း တွေပေါ့ ။ အဲဒါပေမဲ့ အဲဒီ တူတဲ့ ရီခြင်း ၊ ငိုခြင်းတွေမှာတော့ မတူတဲ့ ဟန်တွေ ရှိနေကြ ပြန်ပါရော ။ သိသလောက်..... ရီခြင်းတွေကို ပြောရရင် ( ငိုတာတော့ပြောတော့ဘူး နော...)
ဟားဟားဟားဟား......(အားရပါးရ ရီခြင်း)
ဟီးဟီး ( ရှက်ကို့ ရှက်ကန်း ရီခြင်း )
ဟဲဟဲ ( မခန့်သလို ရီခြင်း )
ဟိုးဟိုးဟိုးဟိုး (နောက်ပြောင် ရီနည်း)
ဟင်းဟင်း ( ၀တ္ထုတွေထဲက ကောင်မလေးတွေ ရီခြင်း ) အပြင်မှာ အဲလိုရီတဲ့ ကောင်မလေး မတွေ့ ပေါင်
ဟတ်ဟတ် ( သူကတော့ အရမ်းခေတ်စားနေတဲ့ ဘလော့ရီနည်း )
ဟိ (ကောင်မလေးများ လျှပ်တပြက် ရီနည်း)
ဘူးထွားဟားဟား (အာတာလွတ်မြို့ စားကြီး ရီနည်း)
သွပ်သွပ်သွပ် ( သမိန်ပေါသွပ် ရီနည်း )
ခွိခွိ ( အစဉ်အရမ်းမိတဲ့ ရှင်ဂွမ်းဂွိ ရီနည်း )
ဟင်းဟင်းဟင်းဟင်း......(ကြာကူလီရီနည်း) ဒါက ကိုအောင်မျိုးဟန် ပြောတာ
ကဲ....ရီနည်းအသစ်လေးများ ရှိရင်လည်း ရီသွားကြပါအုံး... :) :D :p
25.7.08
@ ရီ(ရယ်) နည်းများ
ရေးသားသူ
ကိုသက်နောင်(phoeniz)
Labels:
jokes
Subscribe to:
Post Comments (Atom)
14 အမြင်လေးတွေ:
ဖက်ပီးတော့ ရီချင်တယ်။ ဒါပေမယ့် ဘယ်လိုရီနည်းမျိုးနဲ့ ရီရမလဲ စဉ်းစားရင်း မရီဖြစ်ခဲ့တော့ဘူး
အဟေဟေးး ဆိုတာလဲ တွေ့ဖူးတယ် :D
တော်တော် ကြံကြံဖန်ဖန် ရေးတတ်တဲ့ ကိုပူးကလေး ၊၊
ပို့စ်ဖတ်ပြီး ကိုပူး မသိအောင်ရယ်(ရီ)သွားတယ်ဂျ ၊၊
ရှိတာပေါ့ဗျာ...... ခစ်ခစ်.. ခစ်ခစ်တဲ့.. မခို့တရို့ရီနည်းပေါ့ဗျာ.. ကောင်မလေးတွေရီလေ့ရှိတယ်
အဟေးဟေး ကျန်သေးတယ်
အဲဒါ ကိုရင်ညိန်းရီတာ
http://www.koyinnyein.blogspot.com/
ကိုသက်နောင်ရေ့
“ရီ“ တာလား
“ရယ်“ တာလားဗျ
“ဖတ်တော့အသံ“ နဲ့ ရေးတယ်ဆိုရင်လဲ
“ရေးတော့အမှန်“ ကို မပြောတော့ပါဘူးဗျာ
“ရီ“ ဆိုတာက ရီဝေဝေ မူးနောက်နောက်ဖြစ်တာမျိုးကို ပြောတာပါ
မေတ္တာဖြင့်
ရီ(ရယ်)နေကြတယ်ပေါ့.
ငှဲလျောင်း...ငှဲလျောင်း.
ငှဲ.ငှဲ.ငှဲ.
အဟိ (ကိုစိုးထက်.မှတ်ပုံတင်ထား)
:P :D (Blog များတွင် အသုံး“နည်း”သော “အော်ကြီးဟစ်ကျယ်”
ရီ(ရယ်)ခြင်း) :P
ဟတ်ဟတ်ဟတ် ဟင်းဟင်းဟင်း
ခစ်ခစ်ခစ် ကျန်သေးတယ်ဗျ။
ကျနော်ရီတာတော့ မဟုတ်ဘူးနော်။ :P
ဒါပေမယ့် အဲလိုရယ်သံကြားရင် အသဲယားတယ်ဗျ။
ဟား..ဟား..ဟား..အဲလိုရီသွားပါတယ် :P
ဟားဟားခစ်ခစ်ခစ် အဟေးဟေး ...
ကဲ..အဲလိုပဲမီးမီးကရယ်ကပစ်လိုက်တာ...
:)
ဘယ်လိုတောင် ရီပြရမယ် မသိတော့ဘူး ဟားဟား
“အ.... ဟွန့်”
အင်မတိ အင်မတန်ပဲများသော
စပ်စလူးစိန်လေးများ ရယ်နည်း..
သူတို့ နှုတ်ခမ်းလေးတွေက ရယ်နေတာပါ..
ဒါပေမဲ့ ထွက်လာတော့ ဘာမှန်းသိဘူး..
“အ.... ဟွန့် ဟွန့်” တဲ့လေ.. ကဲ... ကောင်းကြရော
(ခင်လေး)
Post a Comment
အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။