၁။ ကို Republic
သူ့ ရဲ့  အတွေးနဲ့ အရေး တွေက ဖတ်တိုင်းဖတ်တိုင်း မိုက်တယ်ကွာ ဆိုတဲ့စိတ်ကို ပေါ်ပေါက်စေပါတယ် ။ ပိုစ့်တိုင်းက အတွေးတွေ နဲ့ ပြည့်ဝ နေပါတယ်။ တစ်ခါတစ်လေ လိုက်လို့ တောင် မမှီပါဘူး ။ လတ်တလော ရေးသားထားတဲ့ ပိုစ့်တွေ ထဲမှာ တော့ "The Mirror" ၊ "Reflection" ၊ "Bonding" ဆိုတာလေးကို အရမ်းကို နှစ်သက်မိပါတယ် ။
၂။ ကို ပီကေ
"အမေ့ကိုယ်စား" ဆိုတဲ့ ပိုစ့်ကနေ စပြီး ကိုပီကေ ကို စသိခဲ့တယ် ။ အဲမှာကတည်းက အရေးအသားကို သဘောကျ မိခဲ့တယ် ။ heart ထိအောင် ရေးနိုင်စွမ်းတယ်လေ ။ "နောက်ငါးမိနစ်လောက်" ၊ "သစ်သားဇလုံလေး" စတဲ့ ပိုစ့်တွေကလည်း တကယ်ကို ရင်ထဲကို အသိတွေ ၊ သတိတွေ ပေးနိုင်စွမ်းတဲ့ ပိုစ့်ကောင်းတွေပါပဲ ။
၃။ မနိုင်းနိုင်းစနေ
တောင်ကြီးချယ်ရီမြေ မှာ မနိုင်းနိုင်းစနေ ကိုစသိပါတယ် ။ Blogger သက်တမ်းကတော့ နည်းတဲ့ သက်တမ်းမဟုတ်ဘူး ။ ပိုစ့်တိုင်းကို သဘောကျပါတယ် ။ ပထမဆုံး ဖတ်မိတာကတော့ "ကြည်နူးစရာ တောင်းပန်လွှာ" ။ တကယ်ကို ကြည်နူးစရာ ကောင်းပါတယ် ။ "ချယ်ရီသစ္စာ" ၊ "၉၁ မှတ်နဲ့  ၉ မှတ်" ၊ "မေမေတစ်ယောက်တည်းပဲ" အဲဒါလေးတွေကို ဖတ်ရတာ တကယ်ကိုဖတ်လို့  ကောင်းတယ် ။ ရသ အရမ်းမြောက်တဲ့ အရေးအသားတွေ ပါပဲ ။
-------------------------------------------------------------------------------------------------
ထုတ်ဝေသူ တစ်ယောက်လောက် အသိရှိရင် ကောင်းမှာလို့ တောင် တွေးမိတယ် ။ သူတို့  ၃ ယောက်ရဲ့  ပိုစ့်တွေကို ကြိုက်လို့ လေ ။ တကယ့်ကို လေးစားလောက်တဲ့ အရေးအသားတွေ မို့ ပါ ။ မရောက်ဖူးသေးရင် သွားပြီး ဖတ်ကြဖို့  ဒီနေရာလေးကနေ အသိပေးတိုက်တွန်းလိုက်ပါတယ် ကျွန်တော့်လို Blogger အသစ်တွေရေ ။ ကျွန်တော် ကြိုက်တဲ့ပိုစ့်လေးတွေကို စုစည်းတဲ့ အနေနဲ့  my favorite posts ဆိုတဲ့ နေရာ တစ်ခုကို google page မှာမွေးဖွားလိုက်ပါတယ် ။ စိတ်ဝင်စားတဲ့ သူများ သွားရောက်လည်ပတ် နိုင်ပါတယ် ။ အထက်ပါ Blogger တို့ ရဲ့ ပိုစ့်များထဲကမှ နှစ်သက်မိတာလေးတွေကို စုဆောင်းထားတာပါ။ blogspot ကို အပိတ်ခံထားရ တဲ့ သူတွေအတွက် တော့ အဆင်ပြေတဲ့ နေရာလေး တစ်ခု ဖြစ်မယ် ထင်ပါတယ် ။
ကျွန်တော်လဲ ကိုယ့်ကိုကိုယ် ၄ ယောက်မြောက် သဘောကျနိုင်အောင် ကြိုးစားလိုက်ပါဦးမယ်ဗျာ ။
1 အမြင်လေးတွေ:
အခုလို ညွှန်းပေးတဲ့အတွက် ကျေးဇူးပါဗျာ။ အခုလို My Favorite Post အနေနဲ့ လုပ်ပေးထားတာလည်း ကောင်းတယ်ဗျ။ အားပေးပါတယ်။ ဘလော့ဂါတစ်ခုမှာ ပို့စ်တိုင်း ဖတ်လို့ ကောင်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကောင်းတဲ့ ပို့စ်လေးတွေ ရွေးဖတ်ဖို့ ဆိုတာလည်း တော်ရုံနဲ့ မလွယ်ပါဘူး။ အခုလို ရွေးထုတ်ပေးထားတော့ စာဖတ်သူအတွက် အဆင်သင့် ကူးခတ်ပြီးရတာပေါ့ဗျာ။ အစစအရာရာ အဆင်ပြေပါစေဗျာ။
Post a Comment
အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။