17.7.08

@ လေးစား အားကျခြင်း

ကျွန်တော် blog လောကထဲကို ရောက်တာ ၂ လကျော်ခဲ့ ပြီပေါ့ ။ ကျွန်တော်လည်ခဲ့ ပတ်ခဲ့တဲ့ blog တွေ ၊ ကျွန်တော် လေ့လာဆည်းပူးခဲ့တဲ့ blog တွေ ၊ မျက်စိလည် လမ်းမှားပြီး ရောက်ခဲ့တဲ့ blog တွေ အများကြီးပေါ့ ။ အဲဒီ ထဲမှာ မှ ကျွန်တော် အလွန်နှစ်သက် မိတဲ့ blogger ၃ ယောက်ကို တွေ့ ရှိခဲ့ပါတယ် ။ ကျွန်တော်နဲ့  စိတ်ကူးတူလို့ ပါ။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော့် စိတ်ကူးကို ပီပီပြင်ပြင် ပုံမဖော်နိုင်သေးပါဘူး ။ သူတို့  ၃ ယောက်ကတော့ အပီအပြင် ကိုပုံဖော်ပြီး ဖြစ်နေပါပြီ။

၁။ ကို Republic

သူ့ ရဲ့  အတွေးနဲ့ အရေး တွေက ဖတ်တိုင်းဖတ်တိုင်း မိုက်တယ်ကွာ ဆိုတဲ့စိတ်ကို ပေါ်ပေါက်စေပါတယ် ။ ပိုစ့်တိုင်းက အတွေးတွေ နဲ့ ပြည့်ဝ နေပါတယ်။ တစ်ခါတစ်လေ လိုက်လို့ တောင် မမှီပါဘူး ။ လတ်တလော ရေးသားထားတဲ့ ပိုစ့်တွေ ထဲမှာ တော့ "The Mirror" ၊ "Reflection" ၊ "Bonding" ဆိုတာလေးကို အရမ်းကို နှစ်သက်မိပါတယ် ။

၂။ ကို ပီကေ

"အမေ့ကိုယ်စား" ဆိုတဲ့ ပိုစ့်ကနေ စပြီး ကိုပီကေ ကို စသိခဲ့တယ် ။ အဲမှာကတည်းက အရေးအသားကို သဘောကျ မိခဲ့တယ် ။ heart ထိအောင် ရေးနိုင်စွမ်းတယ်လေ ။ "နောက်ငါးမိနစ်လောက်" ၊ "သစ်သားဇလုံလေး" စတဲ့ ပိုစ့်တွေကလည်း တကယ်ကို ရင်ထဲကို အသိတွေ ၊ သတိတွေ ပေးနိုင်စွမ်းတဲ့ ပိုစ့်ကောင်းတွေပါပဲ ။

၃။ မနိုင်းနိုင်းစနေ

တောင်ကြီးချယ်ရီမြေ မှာ မနိုင်းနိုင်းစနေ ကိုစသိပါတယ် ။ Blogger သက်တမ်းကတော့ နည်းတဲ့ သက်တမ်းမဟုတ်ဘူး ။ ပိုစ့်တိုင်းကို သဘောကျပါတယ် ။ ပထမဆုံး ဖတ်မိတာကတော့ "ကြည်နူးစရာ တောင်းပန်လွှာ" ။ တကယ်ကို ကြည်နူးစရာ ကောင်းပါတယ် ။ "ချယ်ရီသစ္စာ" ၊ "၉၁ မှတ်နဲ့  ၉ မှတ်" ၊ "မေမေတစ်ယောက်တည်းပဲ" အဲဒါလေးတွေကို ဖတ်ရတာ တကယ်ကိုဖတ်လို့  ကောင်းတယ် ။ ရသ အရမ်းမြောက်တဲ့ အရေးအသားတွေ ပါပဲ ။

-------------------------------------------------------------------------------------------------

ထုတ်ဝေသူ တစ်ယောက်လောက် အသိရှိရင် ကောင်းမှာလို့ တောင် တွေးမိတယ် ။ သူတို့  ၃ ယောက်ရဲ့  ပိုစ့်တွေကို ကြိုက်လို့ လေ ။ တကယ့်ကို လေးစားလောက်တဲ့ အရေးအသားတွေ မို့ ပါ ။ မရောက်ဖူးသေးရင် သွားပြီး ဖတ်ကြဖို့  ဒီနေရာလေးကနေ အသိပေးတိုက်တွန်းလိုက်ပါတယ် ကျွန်တော့်လို Blogger အသစ်တွေရေ ။ ကျွန်တော် ကြိုက်တဲ့ပိုစ့်လေးတွေကို စုစည်းတဲ့ အနေနဲ့  my favorite posts ဆိုတဲ့ နေရာ တစ်ခုကို google page မှာမွေးဖွားလိုက်ပါတယ် ။ စိတ်ဝင်စားတဲ့ သူများ သွားရောက်လည်ပတ် နိုင်ပါတယ် ။ အထက်ပါ Blogger တို့ ရဲ့ ပိုစ့်များထဲကမှ နှစ်သက်မိတာလေးတွေကို စုဆောင်းထားတာပါ။ blogspot ကို အပိတ်ခံထားရ တဲ့ သူတွေအတွက် တော့ အဆင်ပြေတဲ့ နေရာလေး တစ်ခု ဖြစ်မယ် ထင်ပါတယ် ။

ကျွန်တော်လဲ ကိုယ့်ကိုကိုယ် ၄ ယောက်မြောက် သဘောကျနိုင်အောင် ကြိုးစားလိုက်ပါဦးမယ်ဗျာ ။

တူရာလေးတွေ ဖတ်ချင်ရင်



1 အမြင်လေးတွေ:

ပီကေ said...

အခုလို ညွှန်းပေးတဲ့အတွက် ကျေးဇူးပါဗျာ။ အခုလို My Favorite Post အနေနဲ့ လုပ်ပေးထားတာလည်း ကောင်းတယ်ဗျ။ အားပေးပါတယ်။ ဘလော့ဂါတစ်ခုမှာ ပို့စ်တိုင်း ဖတ်လို့ ကောင်းတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ ကောင်းတဲ့ ပို့စ်လေးတွေ ရွေးဖတ်ဖို့ ဆိုတာလည်း တော်ရုံနဲ့ မလွယ်ပါဘူး။ အခုလို ရွေးထုတ်ပေးထားတော့ စာဖတ်သူအတွက် အဆင်သင့် ကူးခတ်ပြီးရတာပေါ့ဗျာ။ အစစအရာရာ အဆင်ပြေပါစေဗျာ။

Post a Comment

အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။

About Me

My photo
ကျွန်တော် နှစ်သက်မိတဲ့ သိထားတဲ့ အရာတွေကို တစ်နေရာတည်းမှာ စုစည်းဖို့ ၊ အများကို မျှဝေဖို့  ဆန္ဒနဲ့ စာတွေ ရေးနေပါတယ် ။
1.Blogger Templates template တော်တော်များများကို စိတ်ကြိုက်ရွေးနိုင်ပါတယ်။
2.computer technology ကွန်ပျူတာ ၊ အင်တာနက်နဲ့ ပတ်သက်တဲ့ နည်းပညာတော်တော်များများကို ဆွေးနွေးထားပါတယ်။
3.myanmar Wikipedia မြန်မာ Blogger တိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာပါ ။
4.think global & work local ပြည်တွင်းကနေပဲ ပြည်ပနဲ့ သက်ဆိုင်တဲ့အလုပ်တွေကို လုပ်နိုင်စေဖို့  ကြိုးစား အားထုတ်နေတဲ့ Blogတစ်ခုပါ။
5.zawgyi font add_on ဇော်ဂျီမြန်မာ font ကို Firefox မှာ Add-on အဖြစ်သုံးနိုင်ပါပြီ။ ကိုသက်ထွေးအောင် ရဲ့ ကြိုးစားမှုပါ။
6.trick & ticks ကျွန်တော်တို့  blogspot သမားတွေရဲ့  ဆရာကြီးပါ။ widget တော်တော်များများကိုဖော်ပြထားပါတယ်။


 
ပူးတစ်ကောင် ရဲ့  လက်ရာ - Template By Blogger Clicks