ငယ်စဉ်တောင်ကျေး
ချာတိတ်လေးမှ
ပျိုး၍စတင်
ခင်ခဲ့ပါ၏
တူသွားတူစား
တူကစား၍
ခင်မင်မေတ္တာ
ဖြူခဲ့ပါ၏
နေ့တွေလပြောင်း
ရက်တွေဟောင်း၍
ရင်ခုန်ဖော်ဖက်
စုံမက်ပါ၏
ငယ်ကမေတ္တာ
နှစ်တစ်ရာဟု
သူသူငါငါ
ဆိုသော်ငြားလည်း
မောင့်ရင်ဖြစ်ပွား
ချစ်စိတ်များမှ
နောင်နှစ်တစ်ထောင်
တည်စေမည်... မိ......
(ကိုရှင်ရဲထွဋ် က ကျွန်တော့် တို့ ချစ်သူ နှစ်ယောက်အတွက် ရေးစပ်ထားပေးတဲ့ ကဗျာလေးပါ) ။ ဒီကဗျာလေးကိုရေးစပ်ပေးတဲ့ ကိုရှင်ရဲထွဋ် လည်း ဘ၀မှာ အကောင်းဆုံး ချစ်သူ ၊ ဇနီးလေးကို ပိုင်ဆိုင် နိုင်ပါစေဗျာ ။
12.7.08
@ ငယ်ကျွမ်းဆွေ
ရေးသားသူ
ကိုသက်နောင်(phoeniz)
Labels:
poem
Subscribe to:
Post Comments (Atom)
0 အမြင်လေးတွေ:
Post a Comment
အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။