တစ်နေ့ တွင် ကျွန်ုပ် Blogger ပူးတစ်ကောင် မြို့ ထဲသွားချိန်၌ အလွန် အင်မတန်မှ ကောင်းမွန်လှသောအရာ ၃ ခုကို တွေ့ ရှိလေသည် ။ ထိုအရာကို ကျွန်ုပ်စွဲလန်းခဲ့သည်မှာ ကြာပြီ။ ကျွန်ုပ်၏ အတွေးအခေါ် တစ်စိတ်တစ်ပိုင်းကို တိုးတက်စေခဲ့သည်မှာလည်း မှန်၏ ။ ထိုအရာအား ကျွန်ုပ်၏ ရင်းနှီးလှစွာသော Blogger ရောင်းရင်းအပေါင်းကို ဝေမျှလိုစိတ် ဖြစ်လာရကား ၀ယ်ရန်ဆုံးဖြတ်လိုက်၏ ။ သို့ သော် အကျွန်ုပ်ကို အခက်အခဲ တွေ့ စေသည်မှာ ကျွန်ုပ်၌ လုံလောက်သော ပိုက်ဆံ မပါလာခြင်းပင်တကား။ အသို့ နှင့် ကျွပ်န်ုပ်သည် ၃ ခုအနက် ၁ ခုကိုသာ ၀ယ်ယူလာခဲ့ရာ ထိုအရာကား အခြားမဟုတ် အင်မတန်မှ နံမည်ကြီးလှသော စာရေးဆရာကြီး ဦးဖေမြင့်၏ "နှလုံးသား အာဟာရ" စာအုပ်ပင် ဖြစ်ချေတော့ တမုံ့ ။ယနေ့ မှစ၍ ကျွန်ုပ်နှင့်အတူ နှလုံးသားအာဟာ ရများကို မှီဝဲရန် ကျွန်ုပ်မှ ရင်းနှင်းပျူငှာစွာ ဖိတ်ခေါ်အပ်ပါတယ် ခင်ဗျား...............
@ မြို့ နှစ် မြို့ 
မြို့ ကြီးတစ်မြို့ ၏ အ၀င်ဝနား ခရီးသွားတစ်ယောက် ဆိုက်ရောက်လာသည် ။ မြို့ ထဲမ၀င်မီ လမ်းဘေးမှာ ထိုင်နေသည့် မိန်းမတစ်ယောက်ကို သူမေးသည်။
"ဒီမြို့ ကသူတွေ ဘယ်လိုစိတ်သဘောထား ရှိကြသလဲဗျ"
အမျိုးသမီးက ပြန်မေးသည်။ "ရှင်ထွက်လာခဲ့တဲ့ မြို့ ကလူတွေကော ဘယ်လိုသဘောမျိုး ရှိကြသလဲ"
"ဆိုးပါ့ဗျာ၊ အင်မတန် ယုတ်မာကောက်ကျစ်တဲ့ လူတွေ၊ လုံးဝ ယုံကြည်လို့ မရတဲ့ လူတွေ၊ ကောင်းကွက်ဆိုလို့  တစ်စက်ကလေးမှ မရှိတဲ့သူတွေ" သူကမဲ့မဲ့ရွဲ့ ရွဲ့  ပြန်ဖြေသည်။
"အင်း ၊ ဒီမြို့ ကလူတွေလဲ အဲဒီပုံစံအတိုင်းပဲ ရှင်တွေ့ ရဦးမှာပါ" အမျိုးသမီးက ဆိုလိုက်သည်။
များမကြာမီပင် နောက်ခရီးသည်တစ်ယောက် မြို့ နားရောက်လာပြန်ကာ အမျိုးသမီးအား မြို့ ထဲက လူတွေ အ ကြောင်း မေးပြန်သည်။ သည်အခါ အမျိုးသမီးကလည်း ပထမ ခရီးသည်တုန်းကအတိုင်း သူလာခဲ့သည့်မြို့ ကလူ တွေအကြောင်း ပြန်လှန်မေးခွန်းထုတ်ပြန်သည်။
"အင်မတန် စိတ်သဘော ကောင်းကြပါတယ်ဗျာ၊ ရိုးသားတယ် ၊ အလုပ်ကြိုးစားတယ် ၊ သူမတူအောင်လဲ ရက်ရော ကြပါတယ်၊ ကျွန်တော်အဲဒီက ထွက်လာရတာ စိတ်မကောင်းဘူး" လှိုက်လှဲသော လေသံဖြင့် ဆို လေသည်။
သည်အခါ ပညာရှိအမျိုးသမီး အဖြေပေးလိုက်သည်။
"ရှေ့ ကမြို့ ထဲမှာလဲ အဲဒီလို လူမျိုးတွေပဲ ရှင်ထပ်တွေ့ ရမှာပါ" ဟူ၍။
[the best of Bits and Pieces မှ A Tale of Two Cities]
"အင်မတန် စိတ်သဘော ကောင်းကြပါတယ်ဗျာ၊ ရိုးသားတယ် ၊ အလုပ်ကြိုးစားတယ် ၊ သူမတူအောင်လဲ ရက်ရော ကြပါတယ်၊ ကျွန်တော်အဲဒီက ထွက်လာရတာ စိတ်မကောင်းဘူး" လှိုက်လှဲသော လေသံဖြင့် ဆို လေသည်။
သည်အခါ ပညာရှိအမျိုးသမီး အဖြေပေးလိုက်သည်။
"ရှေ့ ကမြို့ ထဲမှာလဲ အဲဒီလို လူမျိုးတွေပဲ ရှင်ထပ်တွေ့ ရမှာပါ" ဟူ၍။
[the best of Bits and Pieces မှ A Tale of Two Cities]
4 အမြင်လေးတွေ:
လောကမှာ ကိုယ်ဆက်ဆံတဲ့ အပေါ်မူတည်ပြီး လူတွေက ကိုယ့်ကို တုန့်ပြန် ဆက်ဆံကြတာပါ။ အဲဒါကို ကောင်းစွာသရုပ်ဖော်ပေးနိုင်တဲ့ စာလေးတစ်ပုဒ်မို့  ကျွန်တော် နှစ်သက်မိပါတယ်။ ကိုယ့်ဘ၀ တစ်လျှောက် တွေ့ ခဲ့တဲ့ သူတွေက ဘယ်လိုပုံစံတွေလဲ ဆိုတာကို ပြန်လည်စဉ်းစားရင်း ကိုယ့်ကိုကိုယ် ပြန်လည် သုံးသပ်နိုင်ပါတယ် ။ (အတိုင်းအတာ တစ်ခုအထိပေါ့)။
မှန်လေးတစ်ချပ်လိုပေါ့နော်.. ကိုယ်က ပြုံးပြရင် သူလည်း ပြန်ပြုံးပြလိမ့်မယ်. ကိုယ်မဲ့ပြရင်တော့ သူလည်း မဲ့ပြမှာပေါ့..:) ဘယ်သူပဲ ကောက်ကျစ် ယုတ်မာနေပါစေ.. ကိုယ့်ဘက်ကတော့ အမြဲ ရိုးသားနေဖို့ လိုအပ်တယ်.. (သမီးအထင်လေးကို ပြောတာနော် ဦးဦး)
မှန်လိုက်တာမောင်ရင်ရာ
ဒါပေးရင်ဒါရမယ်
“ရိုးသားခြင်း”
နဲ့ ..
“မရိုးသားခြင်း”
အရမ်းနှစ်သက်ဖို့ ကောင်တဲ့ Post လေးပါ..။
Post a Comment
အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။