23.7.08

@ ပြဿနာ

လက်ဖက်ရည်ဆိုင်မှာ စိတ်ပျက်လက်ပျက်ထိုင်နေတဲ့ သူငယ်ချင်းကို တွေ့ လိုက်တယ် ။ အမြဲတမ်း ပျော်ပျော်နေ တတ်တဲ့ ဒီကောင်ကြီးက ဘယ်နှယ့် ဒီလိုပုံဖြစ်နေရတာလဲ ။ သူထိုင်နေတဲ့ စားပွဲနားရောက်နေတာတောင် ကျွန် တော့်ကို မမြင်သေးဘူး ။ ဘာတွေများ အတွေးနယ်ချဲ့ နေပါလိမ့် ။ ဒါနဲ့  စားပွဲကို "ဘုန်း" ကနဲ ရိုက်ချလိုက်တယ် ။

"ဟေ့ကောင်ကြီး ... ဘယ်သူ့ ကိုမှ မနောက်ရလို့  လဒမှိုင် မှိုင်နေတာလားကွ...ဟေ"

"လခွီးတဲ့မှပဲ... လန့် လိုက်တာ ။ ဒီမှာ စိတ်ညစ်ရတဲ့ အထဲ"

"မင်းလိုကောင်မျိုးက စိတ်ညစ်တတ်သေးတယ်လား ။ ဆိုစမ်းပါအုံး။ ဘာဖြစ်လို့ လဲ"

"အေးကွာ...ငါ့ကောင်မလေးနဲ့  ငါ့နဲ့  အဆင်မပြေလို့ ကွာ။ တစ်ခါတစ်လေမှာ စေတနာက ဝေဒနာ ဖြစ်တတ်ပါ လားလို့ တောင် တွေးမိတယ် ။ မနေ့ က ငါဈေးဘက် သွားရင် ပန်းလေးတစ်ပွင့် တွေ့ တာနဲ့  သူ့ ကိုပေးချင်စိတ် ပေါ်မိတယ် ။ ငါသူ့ ကို တစ်ခါမှ ပန်းမပေးဖူးဘူးလေ ။ ပန်းပေးတယ် ဆိုတာ ချစ်သူတွေကြားက ချစ်စရာ အမူအကျင့်လေး တစ်ခုလို့ ငါထင်တယ်လေ"

"အေး...ဟုတ်ပါတယ်။ ပန်းပေးတာကို မကြိုက်တဲ့ ချစ်သူကောင်မလေးတော့ မရှိလောက်ဘူး ထင်ပါတယ်"

"အေးကွာ ... ငါလည်း အဲလိုမြင်တာနဲ့ ပဲ သူ့ ကို ပန်းပေးဖို့  ညနေချိန်းထားတဲ့ နေရာကို သွားတယ်။ သူက ရောက်နှင့်နေပြီ ။ ငါက ပန်းလေးကို နောက်ဖက်မှာ လက်ကိုဖွက်ပြီး ယူလာတာ ။ သူ က မေးတယ် ။ နောက်မှာ ဘာဖွက်လာတာလဲ တဲ့ ။ ငါက "ပန်း" သူ့ ကိုပေးဖို့  လို့ ပြောတော့ သူပျော်သွားပုံပဲ ။ ငါယူလာတဲ့ ပန်းလေးကို မြင် တော့ သူ အံ့ဩသွားတယ် ။ ငါက ပန်ပါလား လို့ ပြောရာကနေ ပြဿနာ စတက်တော့တာပဲ ။ မင်းစဉ်းစား ကြည့် ကွာ ။ ကိုယ်တယုတယ ယူလာတဲ့ ပန်း ၊ ချစ်သူကို ပန်စေချင်တာပေါ့ ။ သူက မပန်ဘူးတဲ့"

"အေး... ဟုတ်တာပေါ့ ။ ငါ နားလည်ပါတယ်။ ဆက်ပါအုံး"

"ငါသေသေချာချာ ပြောတာတောင် သူက မပန်ဘူး ဆိုတာချည့်ပဲ ။ ငါလည်း တင်းလာတာနဲ့  သူ့ ကိုပေးမဲ့ ပန်းနဲ့  သူ့ ကို ပေါက်လိုက်တာ ။ အဲမှာ တင် သူက "ရှင်နဲ့ ကျမ ပြတ်ပြီ" တဲ့ ။ အခုထိ ပြန်ချော့လို့ မရဘူး"

"ပန်းနဲ့ ပေါက်တာ လေးနဲ့ ပဲ သူက အဲလောက် စိတ်ဆိုးရရောလား ။ မမိုက်ပါဘူးကွာ ။ မိန်းမ တွေက တခါတလေ အဲလိုပဲကွ ။ ကျန်ဖန်စိတ်ဆိုးတတ် ကြတာ ။ ဒါနဲ့  မင်းက သူ့ ကို ဘာပန်း ပေးတာလဲ"

"ဂေါ်ဖီပန်း"

-------------------------------------။---------------------------------------------------

တူရာလေးတွေ ဖတ်ချင်ရင်



16 အမြင်လေးတွေ:

အောင်မျိုးဟန် said...

တော်သေးတာပေါ့ဗျာ ခုဏကျွန်တော်ပြောတဲ့ ပန်းမဟုတ်လို့
ဟီးဟီး

ဖြိုးငယ် said...

တော်သေးတာပေါ့ .. ပြတ်ပြီပဲပြောသွားလို့ ... ဓါးနဲ့မထိုးသွားတာ ကံကောင်းတယ်... ဟတ်ဟတ်

ပါဂနာ said...

ဟာ...

မဟုတ်တာဗျာ. “ ပန်းနဲ့မပေါက် ” ရဘူးဗျ. (လုပ်စရာလား)

နားရွက် လေးကြားထဲ ညှပ်ပီး ယုယုယယ “ပန်” ပေးရတယ်

“ငတုံး” ရဲ့ လို့ သာ သူ့ကို ပြောလိုက်ပါတော့ဗျာ :P

JulyDream said...

ပန်းနဲ့ပေါက်တယ်ဆိုတာ ဖတ်ရတာ အဆင်ပြေတာ။ တကယ်ခံရရင် မလွယ်ကြောပဲဗျ။ ပေါက်တဲ့ပန်းကလည်း ဂေါ်ဖီပန်းဆိုတော့ စဉ်းစားသာ ကြည့်ပေတော့ဗျို့။

ဘာရယ်တော့ မဟုတ်ပါဘူး ပြသနာဖြစ်တယ် လာကြည့်ပါဆို့လို့ လာကြည့်တာ ဒီမှာ ပန်းပုံပြင် ခင်းနေတာကိုး။

Anonymous said...

တော်သေးတာပေါ့.. ပန်းအိုးနဲ့မပေါက်လို့.. ဖြစ်ရလေဗျာ..

လင်းဦး(စိတ်ပညာ) said...

အဟား.... ဂေါ်ဖီင်္ပန်းတဲ့ဗျာ..... အားရပါးရ ရီသွားတယ်... :P

၀ဿန်ဦး said...

ကြော်စားဖို့ပေးတယ်ဆို တော်သေးတယ်.. ပန်ဖို့ဆိုတော့ စိတ်ဆိုးလောက်ပါပေတယ်.. ဟားဟား

RePublic said...

အာဂျာ ..ကိုပူး ကစေတနာနဲ့ ကော်ဖီပန်းနဲ့ ပေါက်တာ ကိုစိတ်ဆိုးရတယ်လို့ဂျာ ၊၊ ကော်ဖီပန်း ဒီလောက်ဈေးကြီးတာကို....
တန်ဖိုးမသိဝူး ...ဟီး

Anonymous said...

ဟိ ဟိ..
ဂေါ်ဖီပန်းနဲ့ကိုး.....
ဂေါ်ဖီပန်းကြီးပန်ထားရင်တော့...ဟိ ဟိ
တော်တော်ကြည့်ရဆိုးမယ်နော်

Anonymous said...

အာ.................
တော်တော်ဆိုးးးး...

Han Thit Nyeim said...

ခင်ဗျားဗျာ... ဆိုးပါ့။ တကယ်ဆို...

အသားတော့အသားပဲ သစ်သား
အရွက်တော့ အရွက်ပဲ စာရွက်
အပင်တော့ အပင်ပဲ ဘောပင် ဆိုပြီး... အဲဒါမျိုးတွေ ဟင်းချက်ကျွေးရမှာ... ဟီ ဟိ...

ကောင်မလေးတစ်ခါတည်း ပြုံးသွားလိမ့်မယ်။

စိုင်းစိုင်းလားရှိုး said...

သက်နောင်ရေ...
စနိုးကိုတော့ ဒီလိုပန်း
မပေးပါနဲ့နော်.....
ဟိုပန်းပေးလိုက်...
ဟိုပန်း လေး လေကွာ
သူကြိုက်မှာပါ....
နှင်းဆီပန်း

mgthonnya said...

အရှိန်လေးနဲ့ပါဆိုပွဲကပိုကြည့်လှမယ်ဗျ :P

Dream said...

ဦးပူးနော်.. မမချနိုး ဂို အဲရို ရုတ် နဲ့နော်...

မမ ချနိုး ချိတ်ချိုး ရိတ်မယ်.. တိယား...

:P ဟီးဟီး....

Dream said...

ဦးပူးရေ.. စိတ်ဆိုးနဲ့နော်.. တကယ်မအားလို့မရောက်ဖြစ်တာပါ...
ရောက်တုန်းရောက်ခိုက်လေးတော့အားရပါးရရယ်သွားတယ်
သိလား.. :D ဟားဟား.....တော်တော်လေးကိုရယ်ရတယ်...
shut down လုပ်ပြီးတဲ့အထိကိုရယ်ရတုန်းပဲ... ဟီးဟီး...
:P

မိုးမြင့်တိမ် said...

ဆောရီးပါကိုသက်နောင် ကျွန်တော်လွှဲရေးထားတဲ့ အမည်က ကိုသက်နောင်အမည်နဲ့ သွားတူနေတာကိုး ကောင်မလေးစိတ်ဆိုးသွားရင်တော့ ပြန်ချော့လိုက်ပါဗျာ ကြေအေးမှုအထိမ်းအမှတ်အဖြစ် ပန်းပေးလိုက်လေ "ဂေါ်ဖီပန်း"

Post a Comment

အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။

About Me

My photo
ကျွန်တော် နှစ်သက်မိတဲ့ သိထားတဲ့ အရာတွေကို တစ်နေရာတည်းမှာ စုစည်းဖို့ ၊ အများကို မျှဝေဖို့  ဆန္ဒနဲ့ စာတွေ ရေးနေပါတယ် ။
1.Blogger Templates template တော်တော်များများကို စိတ်ကြိုက်ရွေးနိုင်ပါတယ်။
2.computer technology ကွန်ပျူတာ ၊ အင်တာနက်နဲ့ ပတ်သက်တဲ့ နည်းပညာတော်တော်များများကို ဆွေးနွေးထားပါတယ်။
3.myanmar Wikipedia မြန်မာ Blogger တိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာပါ ။
4.think global & work local ပြည်တွင်းကနေပဲ ပြည်ပနဲ့ သက်ဆိုင်တဲ့အလုပ်တွေကို လုပ်နိုင်စေဖို့  ကြိုးစား အားထုတ်နေတဲ့ Blogတစ်ခုပါ။
5.zawgyi font add_on ဇော်ဂျီမြန်မာ font ကို Firefox မှာ Add-on အဖြစ်သုံးနိုင်ပါပြီ။ ကိုသက်ထွေးအောင် ရဲ့ ကြိုးစားမှုပါ။
6.trick & ticks ကျွန်တော်တို့  blogspot သမားတွေရဲ့  ဆရာကြီးပါ။ widget တော်တော်များများကိုဖော်ပြထားပါတယ်။


 
ပူးတစ်ကောင် ရဲ့  လက်ရာ - Template By Blogger Clicks