ဘ၀ဟူသည်
ကျွန်ုပ်တို့ စီမံဖန်တီးသည့်အတိုင်းဖြစ်ရ၏။
ယခင်ကလည်း ဤသို့ ၊ နောင်လည်း ဤသို့ နှယ်ပင်။
[ဘွားဘွား မိုးဇက်]
တစ်ခါက ဆေးရုံကြီး တစ်ရုံရှိလူနာခန်းကျဉ်းလေး တစ်ခုထဲမှာ လူနှစ်ယောက်ရှိကြသည်။ နှစ်ယောက်လုံးပင် ရောဂါသည်းသော လူနာများဖြစ်သည်။ အခန်းလေးက ကျဉ်းပြီး အပြင်လောကကိုကြည့်စရာ ပြတင်းပေါက် တစ် ခုသာ ပါသည်။
လူနာနှစ်ယောက်အနက်တစ်ယောက်က နေ့ လယ်ပိုင်းတွင် သူ့ အဆုတ်ထဲက အရည်တွေ ပိုက်နှင့်စုပ်ထုတ်ရ တာကိုအကြောင်းပြု၍ တစ်နာရီခန့်  ထိုင်ခွင့်ရသည်။ သူ့ ခုတင်က ပြတင်းပေါက် အနီးမှာ ရှိနေသည်။ တဖက် ခုတင်ရှိ လူနာကတော့ တစ်ချိန်လုံးပက်လက်လှန်ကာ စန့် စန့် ကြီး လှဲနေရသည်။
နေ့ လည်ခင်းတိုင်း ပြတင်းပေါက် အနီးရှိလူနာက ခုတင်မှာ ခေါင်းအုံးတွေဘာတွေ ဆင့်ကာ ကျောမှီ၍ ထိုင်ခွင့်ရသည့် အချိန် အပြင်ဘက်ဆီ၌သူလှမ်းမြင်ရသည့်အရာတွေကို အနီးရှိလူအား ပြောပြလေ့ရှိသည်။ ပြတင်းပေါက်ကလှမ်းကြည့်လျှင် အပြင်မှာ ပန်းခြံကြီးတစ်ခု မြင်ရသည်ဟုဆိုသည်။အဲသည်အထဲမှာ ရေကန် ကြီးတစ်ကန်ရှိသည်။ ရေကန်မှာ ဘဲတွေ ၊ ငန်းတွေ ရေကူးနေသည်။ကလေးများက သူတို့ ကို ပေါင်မုန့် တွေ ပစ်ကျွေးကြသည် ။ ကလေးအချို့ ကလှေကလေးတွေ မျှောနေသည်။ ချစ်သူစုံတွဲတွေ သစ်ပင်ကြီးများ အောက် လက်ချင်းတွဲပြီး လမ်းလျှောက်နေကြသည်။ ပန်းတွေက ဝေေ၀ဆာဆာ ပွင့်နေသည်။ မြက်ခင်းစိမ်း စိမ်းက အပြန့် ကျယ်လှသည်။ အဲသည်မှာ ဘောလုံးပျော့(ဆော့ဖ်ဘော) ကစားနေကြသူတွေလည်း မြင်ရ သည်။ ဟိုးအဝေးဆီ၌မူ သစ်ပင်တွေ ထိပ်ဖျားမှ ထိုးထွက်နေသည့် တိုက်တာအိမ်ယာများ။ ထို့ နောက်၌ ပြာ လဲ့သော မိုးကောင်းကင်။
ပက်လက်လှန်နေသောသူသည် တစ်ဖက်လူ ခရေစေ့တွင်းကျ ပြောပြသမျှကို နားစွင့်ကာ ကိုယ်တိုင်ကြည့်ရ သလောက် အရသာတွေ့ လျက်ရှိသည်။ ကလေးတစ်ယောက် ရေထဲလိမ့်ကျတော့မလို ဖြစ်သွားတာ ၊ နွေရာ သီ ၀တ်စုံသစ်တွေနှင့် မိန်းကလေးတွေ အရမ်းလှပနေကြတာ စသဖြင့် အပြင်လောကမှာ ဖြစ်ပျက်နေပုံ အလုံးစုံကို သူ့ အာရုံထဲ အသေးစိတ်မြင်ခွင့် ရနေသည်။
သည်လိုနေရင်း သာယာသော နေ့ လည်ခင်း တစ်ခုမှာ သူ့ ခေါင်းထဲ အတွေးတစ်ခု ၀င်လာသည်။ တစ်ဖက်လူ ကတော့ ပြတင်းပေါက်နားမှာနေပြီး အပြင်လောက ရှုခင်းအစုံကို စိတ်တိုင်းကျ ကြည့်ခွင့်ရနေသည်။ မိမိကို တော့ ဘာကြောင့်အဲသည်နား ထားမပေးသလဲ ဟူသော အတွေးဖြစ်သည်။
သည်လို သေးသေးသိမ်သိမ် တွေးမိခြင်းအတွက်လည်း သူရှက်တော့ ရှက်မိသည်။ သို့ သော် သည်အတွေးကို ဖျောက်နေသည့်ကြားကပင် နေရာချင်းလဲချင်စိတ်က ပြင်းပြသထက် ပြင်းပြလာသည်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် လဲရမှ ဖြစ်မယ်ဆိုတာမျိုးအထိ သူတွေးမိလာသည်။
တစ်ညမှာတော့ သူမျက်နှာကြက်ကို ငေးကြည့်နေစဉ် တစ်ဖက်လူ ရုတ်တရက်နိုးလာကာ ချောင်းဆိုးသည်။ ချောင်းဆိုးရင်း သီးလာသည်။ သူနာပြုဆရာမကို အရေးပေါ်ခေါ်သည့် အချက်ပေးခလုတ်ကို နှိပ်ရန် လက်က စမ်းတ၀ါးဝါး လိုက်ရှာသည်။
သို့ သော်သူမလှုပ်ရှား။ တစ်ဖက်လူ အသက်ရှုသံ ရပ်သွားသည်အထိ ငြိမ်၍ပင် စောင့်ကြည့်နေသည်။ နောက်နေ့ မနက်မှာ သူနာပြုဆရာမက တစ်ဖက်လူသေဆုံးနေကြောင်း တွေ့ ရှိကာ အလောင်းကိုတိတ်ဆိတ် စွာပင်သယ်ယူသွားသည်။
ဣနြေ္ဒမပျက်လောက်ဘူး ဟုထင်ရသော အချိန်လောက်တွင် သူ့ အား ပြတင်းပေါက်အနီးရှိ ခုတင်သို့ ပြောင်းပေးနိုင်မလား မေးသည်။ သို့ နှင့်ပြောင်းပေးကြသည်။ သက်သောင့်သက်သာ အရှိဆုံးဖြစ်အောင် နေရာချပေးသည်။ သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသို ပေးသည်။
သူနာပြုတွေ ထွက်သွားသည်နှင့် တပြိုင်နက် တံတောင်တစ်ဖက်ပေါ်တွင် အားပြုကာ သူကြိုးစား၍ထသည်။ နာကျင်မှု ဝေဒနာကို သူကျိတ်မှိတ်ခံကာ သူ့ ကိုယ်သူ ခဲယဉ်းပင်ပန်းစွာ ထူမပြီး ပြတင်းပေါက်မှ အပြင်သို့ လှမ်းကြည့်သည်။
အပြင်၌ သူမြင်လိုက်ရသည်က " နံရံတံတိုင်း တစ်ခု " ။
[အမည်မသိ စာရေးသူ၏ The Window]
7 အမြင်လေးတွေ:
ပြောမိသူကပဲ မဟုတ်တာကို အဟုတ်ပြောမိတဲ့ အမှားလား...........
ဒါမှမဟုတ် နားထောင်မိသူရဲ့  အတ္တကြီးမားလာမှုလား..
ကံတရားရဲ့  လှည့်စားမှုလား ?
ဟားဟား..ပြတင်းပေါက်နားကိုပြောင်းသွားတဲ့လူကနာပူးပူးလားမသိဘူးနော်..
ဟင်း..တော်တော်ဆိုးတဲ့လူနာ.....
ဟီးဟီး..နောက်တာနော်...ခင်လို့
အင်မတန်ကောင်းတဲ့ပို့စ်လေးပါ..အားပေးပါတယ်
စပ်ပြုတ်လာသောက်တယ်ဗျို့။
ပြောပြတဲ့သူက ကျွန်တော့်အထင်တော့ လူတဖက်သားကို စိတ်ကြည်လင်စေချင်တဲ့ စေတနာရှိပုံရတယ်ဗျ။
နားထောင်သူကတော့ တော်တော်အတ္တကြီးသူပေါ့ဗျာ။
ဒါဟာ “စေတနာ” တစ်မျိုးပါ...။
ွှအဲလို ခပ်ဆင်ဆင် စေတနာမျိုး ထားခဲ့ဖူးပါတယ်..
ပြန်ရလိုက်တဲ့ ရလာဒ်က တော့...
သင်းသင်းလေးပါ...။
“လူညာ” တဲ့.....
ဒီဘလောက်မှာ ငါ ပထမဆုံး rape အဲ rate လုပ်တာကွ
ဟတ်ဟတ်ဟတ်
ကိုပူးရေ RATE နော် မှားတော့မလို့
ကိုသက်နောင်ရေ လာလည်တယ်ဗျို့ ... အရှုပ်တွေ လုပ်နေတာနဲ့ နက်ပေါ်ကို မတက်ဖြစ်ဘူး အခုမှပဲ ပေါင်းဖတ်ရတော့တယ် ....
ပြတင်းပေါက်လေးကို တော်တော် ကြိုက်တယ်ဗျာ ....
ပထမလူလို ဖြစ်နိုင်အောင် တော်တော်ကြိုးစားယူရဦးမယ်
Post a Comment
အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။