ဘလော့နဲ့ ဝေးကွာနေရတာ ကြာပြီ ။ ဒီမှာတော့ ဘလော့လောကထဲ ပြန်ဝင်နိုင်ပြီလို့ ထင်ပြီး ပြန်လာပြီတွေ ဘာတွေ ရေးပြီးကာမှ အင်တာနက် ကော်နက်ရှင် မရဘူးတဲ့ ။ စိုင်းထီးဆိုင် သီချင်းလိုပါပဲ ။ ဘာမှ မတတ်နိုင်ဘူး ...စွန့်လွှတ်လိုက်ရပြီ...လက်လျော့လိုက်ရပြီ...အရှုံးပေးလိုက်ရပြီ... ပေါ့။ ဘလော့ကာ ညီအစ်ကိုမောင်နှမ အားလုံးကို ခင်တဲ့စိတ်တွေကို မျိုချပြီး ဘလော့လောကကို ဖတ်ရုံလောက်တောင် မသွားနိုင်တော့ဘူး ဖြစ်နေတယ် ။ ဘယ်နေ့ကျမှ အင်တာနက် ကော်နက်ရှင် ကောင်းတဲ့ နေရာကို ရောက်မယ် မပြောတတ်တော့ဘူး ။ ကံမကုန်တဲ့ တစ်နေ့ ပြန်ဆုံခွင့်ရမယ် ဆိုရင်တော့ ပူးတစ်ကောင်ဆိုတာ online ပေါ်မှာ ရှိနေဦးမှာပါ ။ သူငယ်ချင်းတွေကိုလည်း လိုက်နှုတ်ဆက် ၊ ကော်မန့်တွေ ပေးနေဦးမှာပါ ။
(ကျွန်တော် offline ရောက်နေစဉ်အတွင်း ဘလော့ကို လာရောက်လည်ပတ်ကြသော သူငယ်ချင်း ဘလော့ကာအပေါင်းကို ကျေးဇူးတင်လျက်)
4.11.08
@ အဆင်မပြေမှုများ
ရေးသားသူ
ကိုသက်နောင်(phoeniz)
Subscribe to:
Post Comments (Atom)
1 အမြင်လေးတွေ:
အဆင်မပြေမှုတွေထဲမှာ စာသင်တာကိုပါ ထည့်ရေးလေဗျာ။
Post a Comment
အမြင်လေးတွေကို ပွင့်ပွင့်လင်းလင်းသာ ပြောပြပေးကြပါ။