29.6.08

@ group policy မှ drives: များကို ပိတ်ခြင်း၊ ဖျောက်ခြင်း

4 အမြင်လေးတွေ

group policy ဟာ registry editor လိုပဲ function တွေအများကြီးပါ ပါတယ် ။ group policy ကနားလည် ရတာပိုလွယ်ပါတယ် ။group policy ကနေ Drives: တွေကို ၀င်လို့ မရအောင် ပိတ်ထားတာ ၊ ဖျောက်ချင်တဲ့ Drives: တွေကို ဖျောက်ထားတဲ့ အကြောင်းလေး ပြောပြပါမယ်။ပထမဦးဆုံး Run မှာ gpedit.msc လို့  ရိုက် ထည့်လိုက်ပါ။ဒါဆိုရင် Group Policy Dialog Box ကျလာပါလိမ့်မယ်။ဘယ်ဘက် Box ရဲ့  Local Computer Policy မှာ Computer Configuration နဲ့ User Configuration ဆိုပြီး နှစ်ခု ရှိပါတယ် ။User Configuration > Administrative Templates > Windows Components > Windows Explorer ကိုသွားပါ ။အောက်ပါပုံကို ကြည့်ပါ။


ပထမဆုံး Prevent access to drives from my Computer ကိုနှိပ်လိုက်ပါ။ Setting Tab မှာ Enable ပေးလိုက် ပါ ။Restrict all drives ကို Default ရွေးထားပါတယ် ။ အဲဒါကို ရွေးမယ်ဆိုရင် ကိုယ့်မှာ ရှိသမျှ Drives တွေအကုန်လုံးကို သုံးလို့ ရမှာ မဟုတ်တော့ပါဘူး ။ အဲဒီအပြင် C: ထဲမှာ Window OS ရှိတဲ့ အတွက် My Documents ၊ Shared Documents နဲ့  Desktop ပေါ်က folder တွေကိုလည်း ဖွင့်လို့ ရမှာ မဟုတ်တော့ပါ ဘူး။ My Network Places , Recycly Bin နဲ့  software တွေကိုတော့ သုံးလို့ ရပါတယ် ။ အဲဒါကြောင့် ကိုယ်အနေနဲ့  လိုအပ်မယ်ထင်တဲ့ Drives တစ်ခု ၊ နှစ်ခု ကိုပဲ ပိတ်ထားတာက ကောင်းပါတယ် ။ ကျွန်တော်က Drives D: ကိုပိတ်ထားလိုက်ပါမယ် ။ အောက်က ပုံကို ကြည့်ပါ ( Explain ဆိုတဲ့ Tab မှာလည်း အသေးစိတ် ရှင်းပြထားပါတယ် )။ OK ပေးလိုက်ပါပြီ ။ My Computer ထဲကို သွားပြီး Drives D: ကိုဖွင့်ကြည့်ပါ ။ ဖွင့်လို့ မရတော့ပါဘူး ။Address Bar ကနေဖွင့်ရင်လည်း မရပါဘူး ။

အဲဒီလိုပါပဲ ။ Hide these specified drives in My Computer ကို Setting Tab မှာ Eable ပေးလိုက်ပါ။ Restrict all drives ကို Default ရွေးထားပါတယ် ။ အဲဒါကို ရွေးမယ်ဆိုရင် ကိုယ့်မှာ ရှိသမျှ Drives တွေအကုန်လုံး မမြင်ရတော့ ပါဘူး ။ Hide လို့ ပြောတဲ့ အတွက် file တွေကို Hidden လုပ်ထားတာနဲ့  အလား သဏ္ဍန်တူပါတယ် ။ Address Bar ကနေ C: လို့ ရိုက်ထည့်ရင် Drives C: ထဲကိုရောက်သွားပါတယ် ။ D: လို့  ရိုက်ထည့်ရင်လည်း Drives D: ထဲကိုရောက်သွားပါတယ် ။ ကျန်တာတွေကိုလည်း လိုက်ကလိချင်တယ်ဆိုရင် ကလိကြည့်ပါ ။စိတ်ဝင်စားစရာ အများကြီးရှိပါတယ် ။ ကျွန်တော့်ရဲ့  ဒီပိုစ့်ကို စိတ်ဝင်စားလို့  လိုက်လုပ်ကြည့်သူ အပေါင်း အောင်မြင်ပါစေဗျာ ။

[+/-] ဆက်ဖတ်မယ်...

@ ဒီလိုပါလား

2 အမြင်လေးတွေ


ကျွန်တော် ၁၀ တန်းဖြေပြီးတော့ English Speaking သင်တန်းတစ်ခု တက်ဖြစ်တယ် ။ အဲဒီမှာ English စာနဲ့ ပတ်သက်လို့  စကားလုံးလေးတစ်ခုကို မှတ်သားမိတယ် ။ ဆရာမ ကမေးတယ် ။ English စာမှာ တာအသွားဆုံး စကားတစ်လုံး ကို သိကြလားတဲ့ ။ သိရင်ပြောကြည့်ပါတဲ့ ။ တကယ်လဲ အဓိပ္ပါယ် ပြည့်ဝရမယ်တဲ့။ ဘယ်သူမှ မသိကြဘူး ။ ဟိုဟာလား ဒီဟာလားနဲ့  တစ်ယောက်တစ်ပေါက်လျှောက်ပြောကြတာပေါ့ ။ကဲ...စာဖတ်သူ အပေါင်းရော သိကြရဲ့ လား ? တကယ်တမ်းက ကျွန်တော်တို့ နဲ့  မစိမ်းပါဘူး ။ နေ့ တိုင်းပြုမူနေမိတဲ့ အရာလေး တစ်ခုပါ ။ဘေးကပုံလေးကိုကြည့်
ပြီး စဉ်းစားချင်ရင် စဉ်းစားကြည့်လိုက်ဦးနော် ။အဲဒါ ပို အရသာ ရှိတယ် ။ :)
The correct answer is "SMILES"
because there is a MILE between two S .

နောက်ဆုံးဆရာမက အဲလိုလေး ချရေးပြလိုက်တယ် ။ ကျွန်တော် တော်တော်လေး သဘောကျသွားတယ်ဗျ ။ တကယ်တန်းလဲ အပြုံးလေးတွေက တာသွားပါတယ်။ ပြုံးပြတယ် ဆိုတာ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့  ချစ်ဖို့ 
ကောင်းတဲ့ အလေ့အထလေး မဟုတ်လားဗျာ ။လက်ဆွဲ ပြီး ၊ ပုခုံးဖက် ပြီး နှုတ်မဆက်ကြဘူးလေ ။ ပြုံးပြနှုတ် ဆက်ကြတယ် ။ ခင်ဗျားတောင် အခုပြုံးနေတယ် မလား ။ :) :p :k :O :s :d :$ :z

[+/-] ဆက်ဖတ်မယ်...

28.6.08

@ ၁ ကနေ ၁၀

7 အမြင်လေးတွေ

အချစ်ကို ခံစားဖူးသူတိုင်း ကဗျာဆရာ ဖြစ်ခဲ့ဖူးကြတယ်တဲ့....
တစ်နေ့ တော့ အိပ်မက်အလွန် ကိုသွားရင်း ၁ ကနေ ၁၀ ကိုတွေ့ ပါရောလား ။
မြင်မြင်ချင်း သဘောကျတယ် ဆိုတာ ဒါပေါ့ ။ဒါနဲ့  comment ရေးဖို့ စိတ်ကူးလိုက်တယ်။
အဲမှာ နောက်ထပ် ၁ ကနေ ၁၀ ကိုထပ်တွေ့ ပါရော။
အသစ်မြင်တော့ အဟောင်းမေ့တယ်ဆိုတာ ဒါပါလား။
ဘယ်ရမလဲ ကိုပူးတို့ ကဗျာစွမ်းကို ထုတ်ပြရတော့တာပေါ့ ။
ဒီလိုလေး :)

၁ သက်လုံး
၂ သက်နေမိသော
၃ စားမရတဲ့ မာနတွေ
၎ လံစွာ သယ်ယူရင်း
၅ စိတ်တွေ
၆ ခြားစပြုလာတယ်
၇ အားပြင်း အချစ်စိတ်တွေကြား
၈ တယ်ဆိုတဲ့ မပီကလာ စကား
၉ ကြားမိချိန်
၁၀ စက္ကန့် လောက် အသက်ရှု ရပ်သွားတယ် ။

[+/-] ဆက်ဖတ်မယ်...

26.6.08

@ folder လေးတွေကို အလှဆင်ချင်ရင်

3 အမြင်လေးတွေ

Blogger ကိုဇောင်း ရဲ့ folder လေးတွေကို အလှဆင်ချင်ရင် post ကို ဖြည့်စွက်ဖော်ပြပေးတာပါ ။
software မလိုပဲ ဒီ ( Desktop.ini ) ဆိုတဲ့ ဖိုင်လေးတစ်ဖိုင်ကို သက်ဆိုင်ရာ( photo )နဲ့ ထည့်ပေးရုံပါပဲ။အဲဒီ file နှစ် ခုကိုအရင်ဆုံး download ချလိုက်နော် ။ဒီမှာ ယူ ( Desktop.ini ) ( photo ) ။


desktop.ini ထဲက code လေးတွေကို ရှင်းပြပါမယ် ။

[{BE098140-A513-11D0-A3A4-00C04FD706EC}] >>>registry code ဖြစ်ပါတယ်။

IconArea_Image=windowvista.jpg>>>windowvista.jpg နေရာမှာ မိမိနှစ်သက်ရာ ပုံကိုထည့်နိုင်ပါတယ် ။အဲဒီပုံကိုပါ desktop.ini နဲ့အတူ folder ထဲကို copy ကူးယူဖို့ လိုပါတယ် ။ဒါမှ မဟုတ်ရင်လည်း အဲဒီပုံ ရှိတဲ့ directory ကိုညွှန်းပါ ။
(ဥပမာ - IconArea_Image=D:\photo\windowvista.jpg )
IconArea_text=0x0000ff >>> text အရောင်ပါ (0000ff=အနီ) ။
[.ShellClassInfo]
IconFile=%SystemRoot%\system32\SHELL32.dll >>> window xp ရဲ့  icon များတည်ရှိရာ နေရာပါ။
IconIndex=195 >>> index နံပါတ်ပေါ်မူတည်ပြီး icon ပုံလေးတွေ လိုက်ပြောင်းပါတယ် ။ 195 က camera ပုံလေးပါ ။
( My Pictures ၊ My Videos ၊ My Music တွေမှာပဲ icon လိုက်ပြောင်းပါတယ် )။

ဒါပေမဲ့ သူ့ မှာ အားနည်းချက် ရှိပါတယ် ။ ဘာလဲ ဆိုတော့ folder တိုင်းအတွက် မရတာပါပဲ ။ C: ၊ D: စတဲ့  drives တွေရယ် ၊ My Pictures ၊ My Videos ၊ My Music ၊ My Documents ၊ Share documents လိုနေရာတွေမှာ ပဲ ရနေခြင်းပါ ။ ပြီးတော့ refresh လုပ်ပေးဖို့  လိုအပ်ပါတယ် ။
(နောက်ဆုံးမရတဲ့ အဆုံး အဲဒီ download ချထားတဲ့ file နှစ်ခုကို C: ထဲမှာ ထည့်ကြည့်လိုက်နော် )။

[+/-] ဆက်ဖတ်မယ်...

22.6.08

@ icon လေးတွေ ချိန်းကြစို့ လား

4 အမြင်လေးတွေ

သိပြီးသားသူတွေ အများကြီးရှိချင် ရှိနေပါလိမ့်မယ် ။ ကလေးကလား ဆန်နေမလား လို့ လဲ စိုးရိမ်မိပါတယ်။
ဒါပေမဲ့ မသိသေးသူတွေ အတွက်ဆိုတဲ့ စိတ်ကလေးနဲ့  အခု post လေးကိုရေးသားလိုက်ရပါတယ်။
My Computer အတွင်းက Hard Disk Drives လေးတွေကို အခုလို icon လေးတွေပြောင်းလဲဖို့ ပါ။


လွယ်လွယ်လေးပါ။အထက်ဖော်ပြပါ ပုံက Drives D: လုပ်ထားပုံလေးကို ဥပမာအနေနဲ့ ပြောပြပါမယ်။
New Text Document တစ်ခုကို ယူပြီး အခုလိုလေး ရေးလိုက်ယုံပါပဲ ။ save လုပ်တဲ့ အခါမှာတော့ autorun.inf ဆိုပြီး save လုပ်ရပါမယ်။ ( autorun.txt ) ဖြစ်နေရင်မရပါဘူး ။

အထက်ဖော်ပြပါ ပုံက Generals.ico နေရာမှာ မိမိနှစ်သက်ရာ icon ပုံလေးများကို ထည့်နိုင်ပါတယ် ။ အဲဒီလို autorun.inf နဲ့  သက်ဆိုင်ရာ icon လေးကို မိမိ ထည့်လိုတဲ့  Drives (D:)အတွင်းထည့်ပြီးသွားပြီဆိုရင် Drives ကို rename ပေးဖို့ လိုပါတယ် ။ ဒါမှသာ ကိုယ်လိုချင်တဲ့ icon ပုံလေးဟာ Drives မှာပေါ်နေမှာ ဖြစ်ပါတယ် ။ အဲဒီ icon လေးတွေဟာ မိမိ ကွန်ပျူတာကို ပိုမို လှပစေယုံသာမက virus alarm တစ်ခုအနေနဲ့ပါ အသုံးဝင်ပါတယ် ။ဘာဖြစ်လို့ လဲ ဆိုတော့ virus အများစုဟာ autorun.inf ကိုအသုံးပြုလို့ ပဲ ဖြစ်ပါတယ် ။ ဥပမာ ကျွန်တော် ဖော်ပြဖူးတဲ့  Flashy virus ၀င်သွားပြီ ဆိုရင် ကိုယ်လုပ်ထားတဲ့ icon ပုံလေးတွေဟာ ပျောက်သွားပြီး မူလ window က Drives ပုံအတိုင်းပဲ ပြန်ဖြစ်သွားပါတယ် ။ (အဲဒီလို ဖြစ်သွားတိုင်း virus ကြောင့်လို့ ဆိုလိုတာ မဟုတ်ဘူးနော်)။icon ပုံလေးတွေကိုတော့ search engine တွေကနေတဆင့် ရှာဖွေနိုင်ပါတယ် ။ကျွန်တော်မှာ ရှိတာလေး တစ်ချို့ ကိုလည်း share ပေးလိုက်ပါတယ် ။ *ဒါလေး* ကို နှိပ်ပြီး ယူပါခင်ဗျား ။

[+/-] ဆက်ဖတ်မယ်...

21.6.08

@ what is 1437 ?

6 အမြင်လေးတွေ

ဒီနေ့ ပေါ့ဗျာ......... တကယ်တမ်းက အလုပ်နည်းနည်း ရှုပ်နေတာ ။ ကွန်ပျူတာ မကိုင်တော့ဘူးလားလို့  စိတ်ကူးနေတာ ။
အဲမှာတင် ချစ်သူဆီက ဖုန်းလာတယ် ။ ကို့ ကို မေးစရာ ရှိလို့ တဲ့ ... အင်း ဘာလဲပေါ့ ။ အဲဒီမှာတင် ဇါတ်လမ်းက စတယ်။
၁၄၃၇ ဆိုတာဘာလဲတဲ့ ။ တစ်ခါမှ မကြားဖူးဘူးလေ ။ ကိုယ်သိတဲ့နံပါတ်တွေ ဆိုလို့  ၁၅၀၀ ၊ ၅၂၈ လောက်ရှိတာ ။အဲသူတို့  နှစ်ခု ကွာခြားချက်က ၉၇၂ ။ ပြီးတော့ ငယ်ငယ်က နံပါတ်တွေ ခေါင်းထဲရောက်လာတယ် ။ ၉၆၉၃ တို့  ၊ ၉၄၉၃ တို့  ။ အဲဒီ ၁၄၃၇ ဆိုတာတော့ တစ်ခါမှ မကြားဖူးဘူးလေ ။ဒါနဲ့ အားကိုးတစ်ကြီးမေးလာတဲ့ ချစ်သူကို ပြတ်ပြတ်ပဲ ပြောလိုက်တယ် ။ မသိဘူးလို့ ။ ဒီလောက်နဲ့ တော့ ချစ်သူ ကဘယ်လက်လျော့လိမ့်မလဲ ။ အဲဒါလေး သိချင်လို့ ပါ ကိုရယ်တဲ့ ။ သူငယ်ချင်းတစ်ယောက် ကတော်တော်လေး ကိုသိချင်နေတာ တဲ့ ။ အဲဒါ သိအောင်လုပ်ပေးတဲ့ ။ နူးညံ့တဲ့  အမိန့် တော် လေးနဲ့ ပေါ့ ။ ဘယ်နဲ့ ပတ်သက်တာလဲ ၊ ဘာကိုအခြေခံ ပြီးပြောတာလဲ လို့ မေးတော့ တိတိကျကျပြောပြရှာတယ် ။ မသိဘူးတဲ့ ။ သူ့ သူငယ်ချင်းကောင်မလေးကို သူတို့ ထဲက ကောင်လေးသူငယ်ချင်းကပဲ ပြောတာတဲ့ ။ ၁၄၃၇ ဒါပဲတဲ့ ။ အဲမှာတင် ကျွန်တော်ပူးတစ်ကောင် ဘလော့ရပ်ဝန်းက သူငယ်ချင်းတွေများ သိလေမလား ဆိုပြီး တွေ့ သမျှ cbox ထဲ အကူအညီ လိုက်တောင်းရတော့တာပဲ ။တော်တော် မျက်စိနောက်သွားကြမှာပဲနော် ။ တပြိုင်ထဲပဲ ကိုယ်သိတဲ့ ၁၅၀၀ နဲ့ အဲဒီ ၁၄၃၇ ကို + လိုက် - လိုက် × လိုက် နဲ့ နံပါတ်တွေ အများကြီးနဲ့ သင်္ချာပြန်တွက် နေရတော့တယ်။(ချစ်သူ အတွက်ပေါ့) ။ နောက်ဆုံးတော့ အဖြေမှန်ကို search engine အစွမ်းနဲ့ အောင်မြင်စွာ သိရှိလိုက်ရပါတော့တယ် ။
အဖြေမှန်က ဒီလိုလေးကိုးဗျ......
၁၄၃၇ = I love you forever တဲ့
I မှာစာလုံးအရေအတွက်=
love
မှာစာလုံးအရေအတွက်=
you
မှာစာလုံးအရေအတွက်=
forever
မှာစာလုံးအရေအတွက်=
(http://answers.yahoo.com/question/index?qid=20071006002843AAMEA5G ) မှဖော်ပြပါသည် ။
အဖြေသိပြီး မကြာခင်မှာပဲ
ကိုမိုးပြေး ကလဲ အဖြေကိုလာပြောပြပေးသွားလို့  ပိုတိကျတဲ့ အဖြေတစ်ခုဖြစ်သွားပါတယ်။
ကျေးဇူးပဲနော် ကိုမိုးပြေး ။ ကျွန်တော်လဲ အောင်နိုင်သူ တစ်ဦးအနေနဲ့ ချစ်သူ ဆီကို ဖုန်းခေါ်ပြီး အဖြေက ဒါကွ ဆိုပြီး အောင်ပွဲ ခံလိုက်ပါတယ် ။
၁၄၃၇ အဖြေကို ဘလော့ သူငယ်ချင်းအပေါင်းကို
မျှဝေဖော်ပြပေးလိုက်ပါတယ်။

[+/-] ဆက်ဖတ်မယ်...

20.6.08

@ ရစ်နှောင်ခြင်း

8 အမြင်လေးတွေ

ဒီပိုစ့်လေးဟာ ကို Republic ရဲ့  BONDING (ရစ်နှောင်ခြင်း) ကို
ကျွန်တော် နားလည်သလို ဘာသာပြန်ထားတာ ဖြစ်ပါတယ် ။


အဖေနဲ့  သမီးလေး တို့ ဟာ တံတားတစ်စင်းကို ဖြတ်လာကြတယ်။ သမီးလေးကြောက်နေမှာစိုးလို့ အဖေကပြောတယ်-

"မီးလေး ...ဖေကြီးလက်ကို ကိုင်ထားနော်...ဒါမှ မီးလေး ရေထဲကို ပြုတ်မကျမှာ "

"ဖေကြီးက ကိုင်ရမှာလေ.." လို့သမီးလေးကပြန်ပြောတယ်-

"ဘာကွာလို့ လဲ မီးလေးရဲ့  " အဖေက အံ့ သြ ပြီးမေးတယ် ။

"အများကြီး ကွာတာပေါ့ ဖေကြီးရဲ့  " လို့ ဖြေရင်း သမီးလေးက ဆက် ပြောတယ် -
"သမီးကဖေကြီးလက်ကို ကိုင်ထားပေမဲ့ တစ်ခုခုဖြစ်ခဲ့ရင် သမီးက ကြောက်ပြီးဖေကြီးလက်ကို လွှတ်မိသွားလိမ့်မယ် ။ ဖေကြီးက ကိုင်ထားရင်တော့ ဘာပဲဖြစ်ဖြစ် ဖေကြီးက သမီး လက်ကို ဘယ်တော့မှ လွှတ်မှာ မဟုတ်ဘူးလေ "
---------------------------------------------------***----------------------------------------------------------
ဘယ်လိုရင်းနှီးပတ်သက်မှုမျိုးမှာမဆို ...ယုံကြည်မှု ရဲ့  အနှစ်သာရ ဟာ ချည်နှောင်မှု ၊ ချုပ်နှောင်မှု တွေထက် သံယောဇဉ်တရား ပေါ်မှာ မူတည်နေပါတယ် ။
ဒါကြောင့် မိမိချစ်တဲ့သူရဲ့ လက်ကို မိမိကိုယ်တိုင်ပဲ ရဲရဲ တင်းတင်း ကိုင်လိုက်ပါ ။ သူက ကိုယ့်လက်ကိုင်မှာကို မျှော်လင့်နေမဲ့ အစားလေ ။
ကိုယ့်အပေါ် ယုံကြည်မှုအပြည့်အ၀ ရှိနေပါစေနော် ...

[+/-] ဆက်ဖတ်မယ်...

18.6.08

@ သား နဲ့ ဖေဖေ

7 အမြင်လေးတွေ

ဖခင်တစ်ယောက်ဟာ အိမ်ကို ပင်ပမ်းနွမ်းနယ်စွာနဲ့ နောက်ကျပြီးပြန်လာပါတယ်။သူ့ ရဲ့  ၅ နှစ်သားအရွယ် သားလေးက သူ့ ကို တံခါးဝ ကနေ စောင့်ကြိုနေပါတယ် ။
"ဖေဖေ...သားတစ်ခုမေးချင်လို့ "
"အင်း...မေးလေ"
"ဖေဖေ အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်"
"ဒါသားနဲ့ မဆိုင်ပါဘူး။ဘာလို့ ဒါတွေ လာမေးနေတာလဲ ။ ဖခင်က စိတ်တိုပြီးပြောလိုက်တယ်။"
"သားက သိချင်ယုံ သက်သက်ပါ။ပြောလို့ မရဘူးလားဟင်"
"တစ်နာရီကို ၁၀၀၀ ရတယ် ။ဘာဖြစ်လို့ လဲ ...ပြော"
"အိုး"
အာမေဍိတ် တ , ပြီး ကလေးငယ်လေးက ခေါင်းငိုက်စိုက်ကျသွားတယ် ။ ပြီးတော့အဖေလုပ်သူကိုပြောတယ်။

"ဖေဖေ ...ဒါဆိုသားကို မုန့် ဖိုး ၅၀၀ ပေးပါလားဟင်"
"ဘာမဟုတ်တဲ့ အရုပ်ဝယ်ဖို့ ၊ အရေးမပါတာတွေလုပ်ဖို့ အတွက် ငါ့ကို ဒါတွေလာမေးနေတာလား ။ သွား...အခန်းထဲပြန်ပြီးအိပ်တော့ ။ အဖေလုပ်တဲ့သူကတော့ တစ်နေ့ တစ်နေ့  ပင်ပင်ပမ်းပမ်း အလုပ်တွေ လုပ်လို့ ။ မင်းက ကိုယ်လိုချင်တာပဲ ကိုယ်သိတယ် ။"
ကလေးငယ်လည်း အခန်းထဲ ကို တိတ်တိတ်လေး ၀င်သွားတယ် ။
တစ်နာရီလောက်ကြာတော့ ဖခင်လဲ စိတ်အေးသွားတယ် ။ သူတွေးမိတယ် ....
ငါ့သားအရင်က ဒီလို မုန့် ဖိုးမတောင်းဖူးပါဘူး ။ သူဘာများ ၀ယ်ချင်တာ ရှိလို့ ပါလိမ့်...
သားရဲ့ အခန်းတံခါးကို ဖွင့်ပြီး ကလေးကိုကြည့်တယ်။
"သား...အိပ်နေပြီလား"
"မအိပ်သေးဘူး..ဖေဖေ"
"ဖေဖေ ပင်ပမ်းနေလို့ သားကို ဆူလိုက်မိတာပါ...ရော့ သားအတွက် မုန့် ဖိုး ၅၀၀"
ကလေးငယ် ဟာအိပ်ယာပေါ် ကနေ ငေါက်ကနဲ ထထိုင်တယ်။
"ဟေး.....ပျော်စရာကြီး"
ပြောရင်းနဲ့ ကလေးငယ် ဟာ သူ့ ရဲ့ ခေါင်းအုံးအောက်က ပိုက်ဆံတွေကို ထုတ်လိုက်တယ်။ပြီးတော့ ဖြည်းဖြည်းချင်း ရေတွက်နေတယ်။
"သားမှာ ပိုက်ဆံတွေ ရှိနေရက်သားနဲ့  ဘာလို့ ဖေဖေ ဆီက ပိုက်ဆံ ထပ်လိုချင်ရတာလဲ "
"မလောက်သေးလို့ ပေါ့ ဖေဖေရယ် ။ ဒါပေမဲ့  အခု ရသွားပြီ ။ သားမှာ ၁၀၀၀ ပြည့်သွားပြီ ။ ဖေဖေ...သားဖေဖေ့ဆီက အချိန် တစ်နာရီ ၀ယ်လို့ ရမလား ။ မနက်ဖြန်ကျရင် ဖေဖေ ရုံးကနေ တစ်နာရီ စောပြန်လာပေးပါလား ။ သား ဖေဖေနဲ့ အတူ ထမင်းစားချင်လို့ "
ဖခင်ဟာ သားငယ်လေးကို ငေးကြည့်နေရင်း ထွေးဖက်ထားလိုက်ပါတော့တယ် ။

*** သင်ဘာအတွက် အလုပ်တွေ လုပ်နေတာပါလဲ ? ၁၀၀၀ နဲ့ ညီမျှတဲ့ သင့်ရဲ့ အချိန်တွေကို သင်ချစ်တဲ့ သူ အတွက်မျှဝေဖို့ မမေ့ပါစေနဲ့  ***


[+/-] ဆက်ဖတ်မယ်...

12.6.08

@ မှတ်မှတ်ရရ ဟာသလေးများ (၂)

3 အမြင်လေးတွေ

အပိုင်း(၁)

တောအုပ်အတွင်း အစည်းအဝေးပြုလုပ်ရန် တောတို့ ၏ဘုရင် ခြသေ့င်္ မှ ဟိန်းဟောက်ကာ အချက်ပေးလိုက်သည်။
သတ္တပါ အားလုံး ကြားရာ အရပ်မှ စုရပ်သို့ အပြေးအလွှား ရောက်လာကြသည် ။ စုံလင်သောအခါ ခြသေ့င်္ ကမေးသည်-

"နောက်ဆုံးကျန်နေတဲ့ ဒိုင်နိုဆောကြီးကို ဘယ်သူသတ်လိုက်တာလဲ ?"

သတ္တ၀ါ အားလုံးတိတ်ဆိတ်နေကြသည် ။ ခြသေ့င်္ ကနောက်တစ်ကြိမ် ထပ်မေးသည် ။

"ဒိုင်နိုဆောကြီးကို ဘယ်သူသတ်လိုက်တာလဲ? ဘယ်သူမှ မသိကြဘူးလား ?"

တိတ်ဆိတ်နေမြဲပင် ။ ကေသရာဇာ ခြသေ့င်္မင်း အလွန်ပင် ဒေါသထွက်လာသည် ။
ကြောက်ခမန်းလိလိ ဟိန်းဟောက်ကာ မေးသည်။
"ဝေါင်း........ ။ ဘယ်သူသတ်လိုက်တာလဲ လို့ မေးနေတာ မကြားဘူးလား?"

ပုရွက်ဆိတ် ထွက်လာသည် -

"သူဘာလို့  ကျွန်တော့်ကို ရန်စလဲ ?"


အပိုင်း(၂)

တံတားတစ်စင်းပေါ်သို့  ဆင်တစ်ကောင် နှင့် ပုရွက်ဆိတ် တစ်ကောင် အတူလမ်းလျှောက်လာကြသည်။ တံတားအဆုံးသို့ ရောက်သောအခါ ပုရွက်ဆိတ် က ဆင်အား ပြောလိုက်သည် ။

"ကြည့်စမ်း...ငါတို့  နှစ်ယောက်လျှောက်လာလိုက်တာ တံတားကြီး ကို တုန်သွားတာပဲ..ဟားဟား "

[+/-] ဆက်ဖတ်မယ်...

11.6.08

@ သင့်ချစ်သူ က ဘယ်လိုမျိုးလဲ ?

5 အမြင်လေးတွေ

Which type of woman is your girlfriend ?


Internet woman ........: woman of difficult access.
Server woman ...........: always busy when you need her.
RAM woman ............: she forget everything you say when you disconnect her.
Hard-disk woman.....: she remember everything ,forever .
CD-ROM woman .....: she is always faster and faster.
Email woman........... : every 10 things she say , 8 are bullshit.
Multimedia woman . : she make horrible things beautiful.
Screen saver woman : she is not worth for anything ,but at least she is fun.
Windows woman ......: everyone knows that she can't do a thing right,
but no one can live without her.
Excel woman ............: they say she can do a lot of things,
but you mostly use her for your four basic need.
D.O.S woman ...........: everyone had her at least once ,but no one want
her anymore.
Virus woman ............: also known as "wife";when you are not expecting her
she come , install herself and uses all your resources if you try to remove her ,
you will lose something.if you don't try , you will lose everything.
User woman ............ : she did not satisfy everything she does and she ask always
more than she need.

(ကျွန်တော် ဖိုင်တွေပြန်ကြည့်ရင်းနဲ့ တွေ့ လို့ တင်ပေးလိုက်တာပါ .... ဟာသ သဘောသက်သက်ပါ ။
တော်ကြာ မမ တွေက #@+-!$%* စိုးလို့ ....)

[+/-] ဆက်ဖတ်မယ်...

9.6.08

@ မှတ်မှတ်ရရ ဟာသလေးများ(၁)

2 အမြင်လေးတွေ

အပိုင်း(၁)

ဆရာမ >>> ဖိုးရှုပ်လေး ထပါဦး ။ ပညာ နဲ့ ရွှေအိုး နှစ်ခုထဲက တစ်ခုယူ ဆိုရင် ဘာကိုယူမလဲ ?
ဖိုးရှုပ် >>> ရွှေအိုးကို ယူပါမယ် ဆရာမ ။
ဆရာမ >>> ဆရာမ ကတော့ ပညာကိုပဲ ယူမယ်။ ဘာလို့ လဲ သိလား ?
ဖိုးရှုပ် >>> သိပါတယ် ဆရာမ ။
ဆရာမ >>> ဘာလို့ လဲ ?
ဖိုးရှုပ် >>> လူဆိုတာ ကိုယ့်မှာ မရှိတာကိုပဲ လိုချင်တတ်ကြတယ် မလား ။

အပိုင်း(၂)

ဆရာမ >>> လျှပ်စီးလက်ရင် အလင်းကို အရင်မြင်ပြီး အသံကို နောက်မှ ကြားရတယ်။ ဒါကို သိပံ္ပနည်းကျလေး ပြောပြပါဦး ဖိုးရှုပ်ရယ် ။
ဖိုးရှုပ် >>> မျက်စိက ရှေ့ မှာရှိပြီး ၊ နားက နောက်မှာ ရှိလို့ ပါ ဆရာမ ။

အပိုင်း(၃)

သရက်ခြံထဲတွင်ဖြစ်သည် -
ပိုင်ရှင် >>> ဟေ့ ဖိုးရှုပ် .... သရက်သီး တွေ ခိုးခူးနေတယ် ပေါ့လေ ။ အခုချက်ချင်း သရက်ပင်ပေါ်က ဆင်းလာစမ်း ။
ဖိုးရှုပ် ခေါင်းကုတ်ပြီး သရက်ပင်ပေါ်မှ ဆင်းလာသည်။
ပိုင်ရှင် >>> လာခဲ့စမ်း ။မင်းအိမ်ကို သွားပြီး မင်းအဖေ နဲ့ တိုင်ပြောရလိမ့်မယ် ။
ဖိုးရှုပ် >>> ဘယ်ကို သွားနေတာလဲ ဗျ ။ အဖေက ဟိုဖက် အပင်ပေါ်မှာ ။


[+/-] ဆက်ဖတ်မယ်...

8.6.08

@ GOOD NIGHT

3 အမြင်လေးတွေ

@ Husband Wife & Family အပေါ်အမြင်လေးတွေကို အခုလိုသူတို့ ကပြောကြပါတယ်-
Blogger Republic said...

ဟာသဥာဏ်ကောင်းတဲ့ "ပူး" ကလေးလို့ မြင်ပါတယ်။

Blogger win zaw said...

အတွေးကောင်း၊ စိတ်ကူးကောင်းလေးပဲ။ ဒါပေမယ့် wife နဲ့ပတ်သက်ပြီး ကိုယ့်ကောင်မလေးကို ဝေဖန်ခိုင်းတော့ သိပ်မနှစ်သက်ဘူး။ မကြိုက်သလောက်ပဲ။ ညီလေးရေ ကောင်မလေးတွေကို သတိထားတော့

Blogger phyonge said...

အကုန်လုံးတော့ မမှန်ဘူးထင်တယ် .... ဥပမာ
မိသားစု ဆိုတာ အားလုံးအနေနဲ့ယူပြီး အဓိပ္ပါယ်
ဖွင့်ရင် ပိုကောင်းမယ်ထင်ပါတယ် ... ကျွန်တော့်အထင်ကိုပြောတာပါ ... စိတ်ကူးလေးကိုတော့ ကြိုက်ပါတယ်

Blogger dreampoem said...

ခုမပဲ သိတော့တယ်ဗျာ...ကိုပူးလေးကတော်တော်လေ့လာထားတာပဲ..
မဟုတ်မလွဲရော..လူပျိုကြီးဖြစ်ရမယ်..

သူကတော့ cbox မှာဒီလိုပြောသဗျ.......

decembercinderella: I am not satisfied with the expression of WIFE .. I will write from the Against point again later .. come to my site ..
ကျွန်တော့်အတွက်တော့ ဝေဖန်အကြံပြုချက်တွေဟာ blog ကိုဆက်လက် အသက်သွင်းဖို့  အားအင်တွေပါပဲ ။
နောက်တစ်ခုကျွန်တော် ပြောချင်တာ @ Husband Wife & Family ကအဓိပ္ပါယ်ဖွင့်ဆိုချက်တွေက ကျွန်တော့်ရဲ့  လေ့လာမှတ်သားမှုများသာ ဖြစ်ပါတယ် ။ ကျွန်တော့် စိတ်ကူး မဟုတ်ပါဘူး ။
ကျွန်တော့် ကို ဝေဖန်အကြံပေးသူများအတွက် " good night " ဆိုတဲ့ နေ့ တိုင်းပြောနေကျ စကားလေးကို လက်ဆောင်ပေးလိုက်ပါတယ် -ကြည့်လိုက်ပါဦး ~
GOOD NIGHT

Go to bed
Off Light
Out of tension
Dream come

Nice sleep
Ignore worry
Get up early
Have a nice day
Think about me

ဝေဖန်အကြံပေး မှုတွေကို မျှော်လင့်လျက် ............

[+/-] ဆက်ဖတ်မယ်...

7.6.08

@ HUSBAND , WIFE and FAMILY

6 အမြင်လေးတွေ

အချစ်ဆိုတာ အိမ်ထောင်တစ်ခု စတင်ဖို့ အတွက် အစ ပျိုးမှုတစ်ခု ဖြစ်မယ်လို့ ထင်ပါတယ်။
မိသားစု ဆိုတဲ့ ဘ၀ထဲမှာ ပါဝင်လှုပ်ရှားနေတဲ့ အောက်က စာလေးတွေကို ကြည့်လိုက်ကြရအောင်.....

FAMILY

Father And Mother I Love You .

HUSBAND

Housing
Understanding
Sharing
Buying
And
Never
Demanding

WIFE

Washing
Ironing
Food
Entertainment

ကဲ....ဘယ်လိုမြင်ကြပါသလဲ ? စာဖတ်သူတို့ ရဲ့  အမြင်လေးတွေကို သိပါရစေလားဗျာ ။

[+/-] ဆက်ဖတ်မယ်...

3.6.08

@ ကောင်လေးနဲ့ ကောင်မလေး(၂)

3 အမြင်လေးတွေ

ဆိုင်ကယ်တစ်စီးပေါ်မှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေး တစ်ယောက် ။သူတို့ ဆိုင်ကယ်ဟာ တစ်နာရီကိုမိုင် တစ်ရာနှုန်းနဲ့ လမ်းမထက်မှာ မြားတစ်စင်းလို ပြေးနေတယ်။
ကောင်မလေး>>>>> ဖြေးဖြေးမောင်းပါ မောင် ရဲ့ ။ သဲ ကြောက်တယ် ။
ကောင်လေး >>>>> ဟာ....... သဲ ကလဲ ၊ ဒီလောက်ပျော်ဖို့ ကောင်းတာကို ။
ကောင်မလေး>>>>> မကောင်းပါဘူး ။ ဖြေးဖြေးပဲ မောင်းပါ မောင်ရယ် ...နော် ။
ကောင်လေး >>>>> ဒါဆို မောင့်ကို ချစ်ပါတယ် လို့ ပြော ။
ကောင်မလေး >>>>> မောင့်ကို ချစ်ပါတယ် ။ ဖြေးဖြေးမောင်းပါနော် ။
ကောင်လေး >>>>> သဲ....မောင့်ကို ဖက်ထားပါလားဟင် ......
ကောင်မလေး >>>> (တင်းတင်းကြပ်ကြပ် သူမက ဖက်ထားလိုက်တယ်)
ကောင်လေး >>>>> မောင့်ရဲ့  helmet ကိုချွတ်ပေးပါလား ။ ခိုးလို့ ခုလု နဲ့ ရှုပ်လို့ ... သဲ ပဲဆောင်းထားလိုက်။



နောက်တစ်ရက် သတင်းစာမှာတော့ ဆိုင်ကယ်တစ်စီး brake ပေါက်ပြီး အဆောက်အဦးတစ်ခုနဲ့ တိုက်မိတဲ့ အကြောင်းပါလာတယ်။
လူငယ်နှစ်ဦးဖြစ်ပြီး ကောင်မလေးတစ်ဦးပဲ အသက်ရှင်တယ် ။

တကယ်တမ်းက လမ်းတစ်ဝက် အရောက်မှာတင် ဆိုင်ကယ် brake ပေါက်သွားတဲ့အကြောင်းကို ကောင်လေးက သိခဲ့ပါတယ်။ သူမကိုပေးမသိခဲ့တာပါ ။ သူ ဘာကြောင့် သူ့ ရဲ့ အသက်ကိုတောင် ဂရုမစိုက်ပဲ အခုလိုလုပ်ခဲ့တယ် ဆိုတာ စာဖတ်သူတို့  သိလိမ့်မယ်ထင်ပါတယ် ။ (စာဖတ်သူ ကော ကောင်လေးနေရာမှာ ဆိုရင် ဘာလုပ်မိမလဲ ? အဲဒီ ကောင်လေးလောက် ကိုယ့်ချစ်သူ အပေါ်ချစ်နိုင်ပါ့မလား ။)

[+/-] ဆက်ဖတ်မယ်...

1.6.08

@ မျက်မမြင် ကောင်မလေးသို့ 

1 အမြင်လေးတွေ

တစ်ခါကမြို့ ငယ်လေးတစ်မြို့ မှာ အရမ်းကို ချောမောလှပတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။ ဒါပေမဲ့ သနား စရာ ကောင်းတာက အဲဒီကောင်မလေး ဟာ မျက်စိမမြင်ရှာဘူး ။ ပြီးတော့ သူ့ မှာ မိဘတွေလဲ မရှိတော့လို့  အဒေါ်တစ်ယောက်နဲ့ အတူ နေရတယ် ။ အဒေါ်ကလဲ စီးပွားရေး လုံးပန်းနေရတာကြောင့် သူ့ ကို အဖော်ပြု မပေး နိုင်ဘူးပေါ့ ။ ဒါပေမဲ့  အဲဒီကောင်မလေးဟာ အထီးကျန်မနေပါဘူး ။ဘာလို့ လဲ ဆိုတော့ သူ့ အနားမှာ အမြဲပဲ အဖော်ပြုပေးနေတဲ့ သူနဲ့ ရွယ်တူ ကောင်လေးတစ်ယောက် ရှိနေလို့ ပါပဲ။အချိန်တွေ ကြာလာတာနဲ့ အမျှ ကောင်လေးဟာ ကောင်မလေးကို လေးနက်တဲ့ မေတ္တာစစ် မေတ္တာမှန် နဲ့ ချစ်မိပါတော့တယ် ။ အဲဒါကြောင့် တစ်နေ့ မှာတော့ သူမကို ချစ်ခွင့်ပန်လိုက်တယ် ။
“ ငါ နင့်ကို အရမ်းချစ်တယ် ကောင်မလေးရယ် ”
“ မဖြစ်နိုင်ပါဘူး ကောင်လေးရယ် ”
“ ဘာလို့ မဖြစ်နိုင်ရတာလဲ ဟင် ”
“ ဘာကြောင့် လဲဆိုတော့ ငါက မျက်မမြင် ဖြစ်နေလို့ ပေါ့ဟာ။”
ကောင်လေးဟာ သိပ်ကို စိတ်မကောင်းဖြစ် သွားတယ်။
“ အားမငယ်ပါနဲ့  ကွယ် ။ ငါ နင့်ကို တစ်သက်လုံး စောင့်ရှောက်သွားပါရစေ။နင့်ကို လက်ထပ်ပါရစေ။ ”
“ ငါ့ကို ချစ်တယ်ဆိုရင် ငါ့ဆန္ဒကို လိုက်လျောရမှာပေါ့ ။ ငါ မျက်လုံးကွယ်နေသရွေ့  ငါဘယ်သူ့ ကိုမှလက်မ ထပ် ဘူး။ ”
တစ်နေ့ မှာတော့ ကံကောင်းခြင်းတွေဟာ အစပြုလို့ လာပါတယ် ။ မျက်ကြည်လွှာ အလှူရှင် ပေါ်ပေါက် လာခြင်းပါပဲ။ ကောင်မလေး ဟာအဲဒီနေ့ ကို တိတ်တခိုးမျှော်လင့်နေခဲ့ရတာကြာပါပြီ ။သူ့ မ ဟာအဲဒီ သတင်း ကိုကြားတော့ ပျော်လွန်းလို့  အိပ်တောင်မပျော်နိုင်ပါဘူး ။ နောက်တစ်နေ့ မှာ ကောင်မလေးရဲ့ မျက်စိ ကို ခွဲစိတ် ကုသကြပါတယ် ။ ခွဲစိတ်မှု အောင်မြင်ခဲ့ပါတယ် ။ပတ်တီးဖြည်မဲ့နေ့ မှာ ကောင်မလေးစိတ်တွေ သိပ်ကို လှုပ်ရှားနေပါတယ် ။ သူမ ဘယ်သူ့ ကို အရင်ဆုံးမြင်ရမလဲ ? သူမ ဘယ်သူ့ ကို စပြီးမြင်ချင်သလဲ ? ကောင်လေး ဆိုတဲ့ အတွေးဟာ သူမ နှလုံးသားကို ရိုက်ခတ်သွားပါတယ် ။ ဒါပေမဲ့ လောကကြီးဟာ မထင်မှတ် ထားတဲ့ ထူးထူးဆန်းဆန်း အရာတွေ သူမကို စပေးပါတယ် ။ သူမ လုံးဝ မသိထားတဲ့ အရာတစ်ခုက ကောင်လေး ဟာလဲ သူမနဲ့ ဘ၀တူ မျက်မမြင် တစ်ဦး ဖြစ်နေခြင်းပါပဲ ။ နောက်တစ်နေ့ မှာ ကောင်လေးက ကောင်မလေး အနားကို ရောက်လာပြီး မေးတယ် ။
“ နင် သိပ်ပျော်နေမှာ ပဲနော် ... ”
“ အင်း...အရမ်းကို ပျော်နေတယ် ။ နင် သိရဲ့ လား ? ငါ ဒီနေ့ မှန်ကြည့်တော့ ငါ... သိပ်လှတာပဲ ”
ကောင်မလေး ဟာ အရမ်းကို မြူးတူးပျော်ပါးနေတယ် ။ ကောင်လေးလဲ ပျော်နေတာပါပဲ ။
“နင် အခု ငါ့ကို လက်ထပ်နိုင်ပြီလားဟင် ” ကောင်လေးက မျှော်လင့်ချက် အပြည့်နဲ့ မေးလိုက်တယ် ။
ကောင်မလေး ရဲ့ အပျော်တွေဟာ ရုတ်တရက် ရပ်တန့် သွားတယ် ။ ပြီးတော့ သူမ တွေးတယ် ။ “မျက်မမြင် တစ်ယောက်နဲ့  ငါတစ်သက်လုံး ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ပါ့မလား ?” သူမ ခေါင်းခါမိတယ် ။
“စိတ်မကောင်းပါဘူး ကောင်လေးရယ် ။ ငါ နင့်ကို လက်မထပ် နိုင်ဘူး ။”
ပြောရင်းကောင်မလေး ဟာအဝေးကို ထွက်ပြေးသွားတယ် ။ ကောင်လေးကတော့ အံ့အားသင့်မှုတွေနဲ့ ပေါ့ ။ဒီ လို နဲ့ ကောင်မလေး ဟာ တခြားကောင်လေး တစ်ယောက်နဲ့  လက်ထပ်သွားခဲ့တယ် ။ ကောင်လေး အတွက် တော့ မမျှော်လင့်နိုင် လောက်အောင်ပါပဲ ။ သူ့ ရင်ထဲမှာ တစ်ယောက်ထဲ စကားတွေ ပြောနေမိတယ် ....

“နင့် ကို ချစ်လို့  နင့်ရဲ့ ဆန္ဒတွေအားလုံးကို ငါလိုက်လျောခဲ့ပါတယ် ကောင်မလေးရယ် ။ ငါ့အတွက်တော့ နင့်ကို ချစ်နေခွင့် ရနေတာ ၊ ငါ့ရဲ့ မျက်လုံးတွေနဲ့  နင့်အတွက် အလင်းရောင်တွေကို ဖန်ဆင်းပေးနိုင် ခဲ့တာကို ပဲ ငါတစ်သက်လုံး ကျေနပ်နေမှာပါ.....”

[ဘာသာ ပြန်ထားခြင်း ဖြစ်ပါသည်။]

[+/-] ဆက်ဖတ်မယ်...

About Me

My photo
ကျွန်တော် နှစ်သက်မိတဲ့ သိထားတဲ့ အရာတွေကို တစ်နေရာတည်းမှာ စုစည်းဖို့ ၊ အများကို မျှဝေဖို့  ဆန္ဒနဲ့ စာတွေ ရေးနေပါတယ် ။
1.Blogger Templates template တော်တော်များများကို စိတ်ကြိုက်ရွေးနိုင်ပါတယ်။
2.computer technology ကွန်ပျူတာ ၊ အင်တာနက်နဲ့ ပတ်သက်တဲ့ နည်းပညာတော်တော်များများကို ဆွေးနွေးထားပါတယ်။
3.myanmar Wikipedia မြန်မာ Blogger တိုင်း မဖြစ်မနေ သွားသင့်တဲ့ နေရာပါ ။
4.think global & work local ပြည်တွင်းကနေပဲ ပြည်ပနဲ့ သက်ဆိုင်တဲ့အလုပ်တွေကို လုပ်နိုင်စေဖို့  ကြိုးစား အားထုတ်နေတဲ့ Blogတစ်ခုပါ။
5.zawgyi font add_on ဇော်ဂျီမြန်မာ font ကို Firefox မှာ Add-on အဖြစ်သုံးနိုင်ပါပြီ။ ကိုသက်ထွေးအောင် ရဲ့ ကြိုးစားမှုပါ။
6.trick & ticks ကျွန်တော်တို့  blogspot သမားတွေရဲ့  ဆရာကြီးပါ။ widget တော်တော်များများကိုဖော်ပြထားပါတယ်။


 
ပူးတစ်ကောင် ရဲ့  လက်ရာ - Template By Blogger Clicks